
ဆောမြို့နယ်မှာ စစ်ကားတစ်စီးကို အရပ်ကားနဲ့ခေါင်းချင်းဆိုင်တိုက်တဲ့ဗွီဒီယိုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကမျှဝေလျှက်ရှိပါတယ်။
သို့သော် ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
“Myo Min Oo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မိုက်တယ်ဟ ဇာတ်ကားရိုက်နေတဲ့အတိုင်ပဲ😂
ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို
ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့်
အမိုက်ခံဝင်တိုက်သွားတယ်ပြောဒါပဲ
crd”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ တူညီတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
Screenshot ဓာတ်ပုံ ပုံစံနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အင်တာနက်မှာ အောက်တိုဘာလကတည်းက ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။

“बोलता भोजपुर”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တူညီတဲ့ ဗွီဒီယိုကို အောက်တိုဘာ ၁၈ ရက်စွဲနဲ့တင်ထား တာတွေ့ရပြီး မူရင်း အိန္ဒိယသုံး Hindi ဘာသာစကားကနေ မြန်မာဘာသာသို့ပြန်ဆိုကြည့်ရာမှာ အောက်ပါ အတိုင်း ရေးသားထားတာတွေ့ရပါတယ်။
“တနင်္ဂနွေနေ့က ဘီဟာပြည်နယ်(Bihar)၊ အာရာ(Ara)မြို့အနီး ချာပိုကာရီ(Charpokhari) ရဲစခန်းအပိုင်မှာ Scorpio ကားနဲ့ pickup ကားထိပ်တိုက်တိုက်မိပြီး pickup ကားမောင်းသူသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဟာ ဆန်မာရို(Semrao)ရွာက ဗီဂျေဆင်း(Vijay Singh)၏သား မူကက်ရှကူးမား(Mukesh Kumar) လို့သိရတယ်”

မူရင်းလင်ခ့် – Bolta Bhojpur | Archive link
ဒီဗွီဒီယိုထဲက screenshot နဲ့ မြန်မာနိုင်ငံဆောမြို့ကဖြစ်စဉ်အဖြစ်မျှဝေထားတဲ့ ဗွီဒီယိုပါ screenshot ဓာတ်ပုံနှစ်ခုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ယာဉ် ၂ စီးခေါင်းချင်ဆိုင်တိုက်မိတဲ့ဗွီဒီယိုဟာ အိန္ဒိယနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်ပါ တယ်။

Title:ဆောမြို့မှာ စစ်ကားနဲ့အရပ်သားကားခေါင်းချင်းဆိုင်တိုက်မှုလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading