Fact Check: သီတဂူဆရာတော်ရဲ့ “လ”ထွက်တဲ့ ဓာတ်ပုံဟာပြုပြင်ဖန်တီးထားခြင်း သာဖြစ်
သီတဂူဆရာတော်ကြီးရဲ့ နောက်ကျောက ထူးဆန်းစွာပေါ်နေတဲ့ “လ”တစ်စင်အကြောင်း သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင် တအံ့တဩဖြစ်နေကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် တစ်ခု ကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံရဲ့ အပေါ်ဖက်မှာ Time 100 လို့ရေးသား ထားသလို အောက်ခြေမှာ လထွက်ရမယ်အချိန်မဟုတ်ဘဲ သီတဂူဆရာတော်ရဲ့ နောက်ကျောမှာ လထွက်နေခြင်းအပေါ် သိပ္ပံပညာရှင်တွေ အဖြေမရှိဖြစ်နေလို့ အဓိပ္ပာယ်ရှိတဲ့ စာသားကို အင်္ဂလိဘာသာနဲ့ ရေးသား ထားပါတယ်။ သို့သော် ဓာတ်ပုံဟာ သီတဂူဆရာတော်ရဲ့ လူမှုကွန်ယက်စာမျက်နှာက ဓာတ်ပုံတစ်ပုံကိုပြုပြင်ဖန်တီးမျှဝေနေခြင်း ဖြစ်တာတွေ့ရပါတယ်။ “#လမင်းကြီးကတောင် ဦးခိုက်ရသတဲ့ #မြန်မာပြည်မှ ထင်ရှားကျော်ကြားသော #သီတဂူဆရာတော်ကြီးအား ဓာတ်ပုံ #ရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌ #ပေါ်လာစရာအကြောင်း လုံးဝမရှိသော “လ”သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် […]
Continue Reading