Fact Check: ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ အခုလို ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားမျှဝေ နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမှာ တင့်ကား ၂ စီးကို KPDFက ဖျက်ဆီးခဲ့တဲ့ သတင်းကို Khit Thit Media ရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။ သို့သော် ယခုရက်ပိုင်းအတွင်း ကယားဘက်မှာ ရဟတ်ယာဉ်ပစ်ခံရတယ်ဆိုတဲ့ သတင်းမျိုး လွတ်လပ်သော မီဒီယာတွေမှာ ရေးသားဖော်ပြချက် မတွေ့ရပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ယို့..ယို့..ယိုး ကယားပြည်နယ်လေးက မနေ့က tink ကားနှစ်စီး ဒီနေ့..helicopter တစ်စီး လေးစားပြီလေ 👌👌👌 […]

Continue Reading

Fact Check: မြန်မာမှာ သတ္တုတူးတဲ့ ဝမ်ပေါင်ကုမ္ပဏီ တရုတ်မှာ မီးလောင်ဆိုတဲ့ သတင်းမှား

တရုတ်မှာ ဝမ်ပေါင်(Wanbao)ကုမ္ပဏီပိုင်စက်ရုံမီးလောင်တာ ၂ ရက်ဆိုက်တိုက်ရှိပြီလို့ရေးသားပြီး မီးလောင် နေတဲ့ ရေနံဓာတုစက်ရုံတစ်ခုကို မီးသတ်ကားတွေ မီးငြှိမ်းသတ်နေပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ သတ္တုတူးဖော်တဲ့ အငြင်းပွားဖွယ်ရာတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မီးလောင်တဲ့စက်ရုံဟာလည်း ဝမ်ပေါင်ကုမ္ပဏီပိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။  “လရောင် တော” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “လက်ပံတောင်းမှာ သံဃာတော်တွေကို ဓာတုပစ္စည်းမီးလောင်ဗုံးနဲ့ပစ် လယ်တီသိမ်တော်ကို ဖျက်စီးခဲ့တဲ့အကျိုးကျေးဇူး တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ဓာတုစက်ရုံမီးလောင်တာ နှစ်ရက်ရှိပြီတဲ့ မပြီးသေးဘူးတဲ့”စသည့်ဖြင့် ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ တင့်ကားတွေလား-မဟုတ်ပါ

ဒီမောဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ တိုက်ခိုက်ခံရတဲ့ တင့်ကားတွေလို့ ရေးသားပြီး ကွင်ပြင်တစ်ခုမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ဓာတ်ပုံနဲ့ နောက်ထပ်တင့်ကားတစ်စီး လမ်းဘေးထိုးကျနေတဲ့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့ေသာ်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “ဒီမော့ဆို PDF လက်ချက်ကြောင့်မီးလောင်ပျက်ဆီး သွားသော..အိုဟောင်းနေသောတင့်ကားများ”လို့ေရးသားပြီး “Ro Kyaw Zan Htet”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီမောဆိုမှာ တင့်ကား ၂ စီး ပြည်သူ့ကာကွယ်ရေးတပ်က ဖျက်စီးနိုင်ခဲ့တဲ့ သတင်းကို ခေတ်သစ်သတင်းဌာနရဲ့ […]

Continue Reading

Fact Check: ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ

မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။  “အကြိမ်ကြိမ် အလေးပြုပါ၏။ ။  စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။ ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေရဲ့ ဓာတ်ပုံဟောင်းတစ်ခုကို အသုံးပြုပြီး ရွှေဘိုဈေးမီးရှို့နေပုံအဖြစ်ဖော်ပြ

ရွှေဘိုဈေးကို မီးရှို့နေပုံအဖြစ် မြေပြင်မှာချထားတဲ့ ပုလင်းတွေနဲ့အတူ  လူငယ်တွေထိုင်နေဓာတ်ပုံ၊ မီးလောင်အပြီး ဓာတ်ပုံတွေနဲ့ အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၆၀၀ ကျော်ရှိပါတယ်။ သို့သော် လည်း ပုလင်းတွေနဲ့ အတူ မြေပြင်မှာ လူငယ်တွေ ထိုင်နေတဲ့ ဓာတ်ပုံဟာ ရန်ကုန်မှာ ဆန္ဒပြစဉ်က ပုံအဟောင်း ဖြစ်ပါတယ်။ “မအလစစ်ကောင်စီအလိုကျ ဖွင့်တဲ့  ရွှေဘိုဈေးကြီး GZတို့ အောင်မြင်စွာ  ဒါန်ပေါက်ကျွေးနိုင်ခဲ့….”လို့ရေးသားပြီး “Zarni Tike”အမည်နဲ့အကောင့်ကမျှဝေထားပါတယ်။ ဒီလို ရေးသားမျှဝေမှုကို Screenshot ရိုက်ပြီး ဒီနေရာနဲ့ ဒီနေရာမှာထပ်မံမျှဝေထားတာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ပုလင်းတွေ မြေပြင်မှာချပြီး လူငယ်တွေထိုင်နေတဲ့ ဓာတ်ပုံကို […]

Continue Reading

Fact Check: ဘီးလင်းအမတ် ဒေါ်သီရိရတနာကွယ်လွန်ဆိုတဲ့ သတင်းမှား

ဘီးလင်းလွှတ်တော်အမတ် ဒေါ်သီရိရတနာဟာ လက်နက်ကြီးထိမှန် သေဆုံးသွားပြီးဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းပါတယ်။ “Aye Min Tun – Mon Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂၅၀ ကျော်ရှိတဲ့ ပျံနှံ့ခဲ့တဲ့ ပို့စ်ပါ ရေးသားချက်များထဲက ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “ဘီးလင်းအမတ် သီရိရတနာဟာ KNU တပ်မဟာ ၁ တပ်မှူးဗိုလ်မှူး စောပလေ့နဲ့အတူ တောခိုသူတွေကို ထောက်ပံ့တဲ့ CRPH ရဲ့ ထောက်ပံ့ငွေကိစ္စ သွားရောက်ရှင်းလင်းပြီးအပြန် ဘီးလင်းမြို့နယ် ရွှေကြည်နောင် ကတုတ်ကျေးရွာအနားမှာ ဧပြီလ ၂၈ ရက်နေ့မှာ တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းဖြစ်တဲ့ ခမရ […]

Continue Reading

Fact Check: မြန်မာနိုင်ငံအတွက် အောင်လအန်ဆန် သေနတ်ကိုင်နေတဲ့ပုံလား-မဟုတ်ပါ

အောင်လအန်ဆန်က မြန်မာနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်မယ်လို့ ရေးသားထားတဲ့ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူ ေထာင်ဂဏန်းက ပြန်လည်မျှ ေဝလျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်ကကတည်းက အောင်လဆန်အန်ရဲ့ Aung La Nsang(Burmese Python) စာမျက်နှာမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “အောင်လှလက်ဝှေ့မထိုးတော့ပါသူချစ်တဲ့မြန်မာပြည်တွက်လက်နက်ကိုင်တိုက်ပွဲဝင်ပါတော့မယ်”လို့ “ဝိုင်းစိန်မ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၄၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အောင်လအန်ဆန်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ လက်ဝှေ့လောက က အနားယူမယ်လို့ဖော်ပြချက်မျိုး မတွေ့ရသလို အခြားလွတ်လပ်သောမီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လိုင် ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်ထဲမှာ ရဲ ၂ ေယာက်ဖမ်းဆီးခံရစဉ်ကပုံကိုလက်ရှိအဖြစ်အပျက် သဖွယ်ေဖာ်ပြ

လက်ရှိအဖမ်းခံထားရတဲ့ ရဲေတွအဖြစ်  လက်ကို ကြိုးတုပ်ခံထားရတဲ့ ရဲ ၂ ေယာက်ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူ ေထာင်ဂဏန်းက ပြန်လည်မျှ ေဝလျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ တ ေအာင်းလက်နက်ကိုင်အဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ဓာတ်ပုံအဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လထဲမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာေတွ့ရပါတယ်။   “ငါ့တို့အဖွဲ့ကတော့ အဲလိုလုပ်ထားလိုက်ပီ အားရလား ဝမ်းသာလား တခုခုပြောခဲ့ 😂”အမည်နဲ့ “Jack P Si” ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ေထာင်ရှိပါတယ်။ ဒီေနရာနဲ့ ဒီေနရာမှာလည်း အလားတူမျှ ေဝထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ […]

Continue Reading

Fact Check: စစ်မှုမထမ်းမ ေနရ KIO ထုတ်ပြန်ဆိုတဲ့ စာအတု

၁၉၆၀ ခုနှစ်ေနာက်ပိုင်း ကချင်ပြည်နယ်ေရာက်လာသူေတွကို ဧည့်နိုင်ငံသား သတ်မှတ်ပြီးေနရပ်ပြန်ဖို့၊ ကချင်ပြည်နယ်မှာေနထိုင်သူေတွ စစ်မှုမထမ်းမ ေနရ ကချင်အမျိုးသားလွတ်ေမြာက်ေရးအဖွဲ့(KIO)က ထုတ်ပြန်ခဲ့တယ်လို့ ဆိုပြီး ေဖ့စ်ဘွတ်ပို့စ်တစ်ခုကို မျှ ေဝလျက်ရှိပါတယ်။  သို့သော်လည်း ဒီ KIO ရဲ့ထုတ်ပြန်ချက်ဆိုတဲ့စာဟာ အတုဖြစ်တယ်လို့ အဖွဲ့ရဲ့ ေပြာေရးဆိုခွင့်ရှိသူက မီဒီယာကို ငြင်းဆိုထားပါတယ်။  “၁၉၆၀ နောက်ပိုင်းမှ ကချင်ပြည်နယ်ကိုရောက်ရှိလာတဲ့လူတွေ ကိုယ့်ပစ္စည်းကိုယ်ယူပြီး နေရပ်ပြန်ဖို့ကေအိုင်အေ စာထုတ်သတိပေး”အမည်နဲ့ “Tin Aung Moe” အမည်နဲ့ေဖ့စ်ဘွတ်အသုံးပြုသူက thutacollect.xyz အမည်နဲ့ဝက်ဘ်ဆိုက်လင့်ကိုမျှေဝထားပါတယ်။ ဒီေနရာနဲ့ ဒီေနရာမှာလည်းေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် KIO အမှတ်တံဆိပ်နဲ့အတူ ဒီဓာတ်ပုံစာသားထုတ်ပြန်ချက်ကို မီဒီယာအချို့မှာလည်းေဖာ်ပြခဲ့ပြီးေနာက် ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ သို့ေသာ်လည်း အခြားေသာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အေကြာင်းအရာေတွကို […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၂၀ ခုနှစ်က ပုဂံမှာ ရဲအဖွဲ့ ကင်းလှည့်ပုံဖြစ်တယ်

ပုဂံဘုရားများကို နောက်ခံပြုပြီး သေနတ်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား လမ်းလျှောက်နေတဲ့ဓာတ်ပုံနဲ့ ညအမှောင်မှာ ဘုရားတစ်ဆူကို ဓာတ်မီးထိုးနေတဲ့ပုံတွေနှင့်အတူ ပုဂံဘုရားတွေက ပစ္စည်းတွေ ဖြုတ်နေဟန် လက်ရှိအဖြစ်အပျက်သဖွယ်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူရာဂဏန်း ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။   “ပုဂံဘုရာကိုပုလိပ်ခွေးတွေ့ချီးတတ်လာပြီးဘုရာပစွည်းတွေ့ကုန်ပြီးမအလတွေ့”လို့ေရးသားပြီး “နော် မြသီတာ ဝင်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Bing မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင် ၉ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းက […]

Continue Reading