
တရုတ်လွှတ်တင်လိုက်တဲ့ Long March 5B ဒုံးပျံဟာ မြန်မာနိုင်ငံပုသိမ်မြို့အနီးမှာပြုတ်ကျနိုင်တယ်လို့ NASA အဖွဲ့ကထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့သတင်းမှားတစ်ခုဖြစ်ပါတယ်။
ဒုံးပျံဟာ တန်ချိန် ၂၃ တန် နီးပါးအလေးချိန်ရှိပြီး အာကာသထဲမှာပျက်ကျပြီးနောက် တနင်္ဂနွေနေ့မှာမြန်မာနိုင်ငံ ဧရာ၀တီတိုင်းထဲက ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျကာ အရှိန်ပြင်းလွန်းလို့ ဂြိုလ်တုအစိတ်အပိုင်းများဟာ လွင့်စင်ပြီးလူနေရပ်ကွက်တွေအပြင် ပုသိမ်အနီးတဝိုက် ၂၆မိုင် အတွင်းသက်ရောက်နိုင်တယ်လို့ ရေးသားထား ပါတယ်။ တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ ၃ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်ကလူ ၂၀၀ကျော် သေကြေခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်မှာ ဖော်ပြပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ပါစာသားတွေဖြစ်ပါတယ်။(မူရင်းရေးသားချက်)
“ဧရာဝတီ ရေ သတိထားကြပါ
***************************
တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ဂြိုလ်တုဟာ
အာကာသမှာပျက်ကျပြီး တနဂ်နွေနေ့မှာ
မြန်မာနိုင်ငံ ဧရာ၀တီတိုင်းထဲက ပုသိမ်မြို့ဧရိယာအတွင်း
ပြုတ်ကျနိုင်ကြောင်း NASAအဖွဲ့ကထုတ်ပြန်
Long March 5B မစ်ရှင်နာမည်ပေးထားတဲ့
အဲ့ဒီဂြိုလ်တုဟာ ဆယ်ထပ်တိုက်အမြင့်ရှိပြီး
တန်ချိန် ၂၃ တန် နီးပါး အလေးချိန်ရှိပါတယ်။
ပြုတ်ကျတဲ့အရှိန်ဟာ ပြင်းလွန်းလို့
ဂြိုလ်တုအစိတ်အပိုင်းများဟာ လွင့်စင်ပြီး
လူနေရပ်ကွက်တွေအပြင် ပုသိမ်အနီးတဝိုက်
မိုင်၂၆မိုင်အတွင်း သက်ရောက်နိုင်ပါတယ်။
ဂြိုလ်တုရဲ့လောင်စာအပိုင်း Booster Mass ဟာ
လေထဲမှာတင် ၆၀ -၈၀ ရာခိုင်နှုန်းက မီးလောင်ကျွမ်းပြီး
လွှင့်စင်လာမယ် စက်ပစ္စည်းတွေကတော့
ဘယ်လိုမှရှောင်လွှဲမရနိုင်လို့ ဆိုထားပါတယ်။
တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ
၃ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ
အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်က
လူ ၂၀၀ကျော် သေကြေခဲ့ရသည်ဟုသိရပါသည်။
#Crd

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမေရိကန်အမျိုးသားအာကာသအေဂျင်စီလို့ မြန်မာလို့ဘာသာပြန်ဆိုနိုင်မယ့် အင်္ဂလိပ်အတိုခေါက်အားဖြင့် NASA လို့ခေါ်တဲ့ The National Aeronautics and Space Administration ရဲ့ ထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တရုတ်ဒုံးပျံကမ္ဘာမြေပြန်ကျမယ့်အကြောင်းထုတ်ပြန်ချက်မတွေ့ရပါဘူး။
ဇူလိုင် ၂၄ ရက်က လွှတ်တင်လိုက်တဲ့ လောင်းမာချ်-၅ဘီ(Long March 5B) အမျိုးအစားဒုံးပျံဟာကမ္ဘာပေါ်ကို ဇွန် ၃၀ ရက်သို့မဟုတ် ဇွန် ၃၁ ရက်မှာကျရောက်နိုင်တယ်လို့ အာကာသစောင့်ကြည့် လေ့လာရေးအေဂျင်စီတွေက ခန့်မှန်းထားပါတယ်။ ဉရောပ အာကာသစောင့်ကြည့်ရေးအဖွဲ့ EUSST နဲ့ အမေရိကန် အာကာသစောင့်ကြည့်ရေး အဖွဲ့ The Aerospace Corporation တို့ရဲ့ အချိန်နဲ့တပြေးညီ ခန့်မှန်းချက်တွေကို ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။
ဒီဒုံးပျံကျရောက်နိုင်တဲ့နေရာတွေကတော့ အီကွေတာမျဉ်းရဲ့ တောင်ဘက် ၄၁ ဒီဂရီကနေ မြောက်ဘက် ၄၁ ဒီဂရီကြားဖြစ်နိုင်တယ်လို့လည်းဖော်ပြပါတယ်။ ထိန်းချုပ်မှုကင်းမဲ့စွာနဲ့ ကျလာမယ့် တရုတ် ဒုံပျံအစိတ်အပိုင်း တွေဟာ ဘယ်နေရာမှာ ဘယ်အချိန်ကျမယ်ဆိုတာ ခန့်မှန်းတွက်ချက်မှုတွေပဲဖြစ်ပြီး အတိအကျမပြောနိုင်သေး ဘူးလို့လည်း စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကဆိုပါတယ်။ ကမ္ဘာလေထုထဲအရှိန်နဲ့ ပြန်ဝင်ရင်း လေထုပွတ် အားကြောင့် ၂၃ တန်အလေးချိန်ရှိတဲ့ ဒုံးပျံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ မီးလောင်ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်ယခု အချက်အလက်စိစစ်ချက်ရေးသားနေဆဲအချိန်အထိ ဒီဒုံးပျံအစိတ်အပိုင်းတွေ ပျံ့ကျဲ့ကျရောက် နိုင်တဲ့နေရာတွေကတော့ အမေရိကန်တောင်ပိုင်းပြည်နယ်တွေကနေ တောင်အမေရိကန်တိုက်၊ အာဖရိကတိုက်၊ အာရှတိုက်နဲ့ ဩစတေးလျတိုက်က နိုင်ငံတွေအထိပါဝင်ပါတယ်။ အောက်ကပုံပါအဝါရောင်မျဉ်းနဲ့ အပြာရောင်း မျဉ်ကြားတွေဟာ ဒုံးပျံ ပြန်လည်ဝင်ရောက်လာနိုင်မယ့်လမ်းကြောင်း ခန့်မှန်းချက်ပဲဖြစ်ပါတယ်။ အဲဒီမျဉ်း ၂ ခုအကြားက မည်သည့်နေရာမဆို ဒီဒုံးပျံ ကျရောက်နိုင်ခြေရှိပါတယ်။

တရုတ်နိုင်ငံဟာ အာကာသခရီးစဉ်တွေအတွက် အသုံးပြုတဲ့ ဒုံးပျံတွေကို ထိန်းချုပ်မှုကင်းမဲ့စွာနဲ့ ကမ္ဘာမြေပေါ်ကို ပြန်ကျစေတဲ့ ဓလေ့ကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဝေဖန်မှုအများအပြားရှိပါတယ်။ ယခုကမ္ဘာမြေပေါ်ကို ပြုတ်ကျလာမယ့် ဒုံးပျံဟာ သူ့ရဲ့အရွယ်အစားကြောင့် ထိန်းချုပ်မှုမပါဘဲ လေထဲကို ဝင်လာမယ့်ဖြစ်စဉ်မှာ အခြားသောအာကာသခရီးစဉ်တွေဟာ ပြန်ကျလာတဲ့ ဒုံးပျံ့တွေထက် အန္တရာယ်ပိုများတာတော့တွေ့ရပါတယ်။ သတင်းဌာနတွေက သတင်းဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဖတ်ပါ။
ထို့အပြင် ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ “တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ ၃ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်က လူ ၂၀၀ကျော် သေကြေခဲ့ရသည်ဟု သိရပါသည်။”ဆိုတဲ့အချက်အလက် ဟာလည်းမှားယွင်းပါတယ်။ အဲဒီအချိန်က သတင်းတွေအရ အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိုင်ဗရီကို့စ်(Côte d’Ivoire)နိုင်ငံမှာ တရုတ်ဒုံးပျံအစိတ်အပိုင်းတွေကျရောက်ခဲ့ပြီးအဆောက် အဦးအချို့ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းတွေ့ရပေမဲ့ လူထိခိုက်သေဆုံးမှုမရှိပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ထိန်းချုပ်မှုကင်းမဲ့နေတဲ့ ဒုံးပျံအစိတ်အပိုင်းဟာ မြေပြင်ပေါ်မကျရောက်ခင်နာရီပိုင်းအထိဘယ်နေရာမှာကျမယ် ဆိုတာ အတိအကျထွက်ချက်နိုင်ခြင်းမသိရှိနိုင်တာတွေ့ရပါတယ်။ လတ်တလော ဒုံးပျံကျရောက်နိုင်ခြေခန့်မှန်း ချက်တွေအရ မြန်မာနိုင်ငံအနေနဲ့လည်းပါဝင်တာတွေ့ရပါတယ်။ လေထုထဲမှာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဒုံးပျံ အစိတ်အပိုင်းတွေဟာ လူနဲ့အဆောက်အဦး ကိုထိခိုက်ပျက်စီးလောက်တဲ့အထိ အရွယ်အစားနဲ့ အရှိန်အဟုန် ကြီးမားနိုင်ပေမဲ့ ကျရောက်လာတဲ့အစိတ်အပိုင်းတိုင်းဟာ ထိခိုက်လောက်တဲ့အထိမဖြစ်နိုင်တာလည်းတွေ့ရပါ တယ်။

Title:Fact Check: တရုတ်ဒုံးပျံ ပုသိမ်မြို့အနီးမှာ ပြုတ်ကျမယ်လို့ NASA ထုတ်ပြန်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading