
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက သမ္မတအသစ်အဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး မွတ်ဆလင်ဆေးရုံအုပ်ကြီးလည်းဖြစ်တယ်ဆိုတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ Screenshotရိုက်ထားတဲ့ ပုံအတွင်းမှာ “သမ္မတအဖြစ် လျာထားခံရတဲ့ ဒေါက်တာတင်မျိူးဝင်း၊ ဆေးတက္ကသိုလ် ၁ ကနေဘွဲ့ရရှိပြီး အသက် ၇၀ ဖြစ်ပါတယ်။ မွတ်စလင်ဆေးရုံးရဲ့ ဆေးရုံအုပ်ဖြစ်ပါတယ်”လို့ ရေးသားထားတဲ့ စာပြီး ဒီScreenshotရဲ့ အညွှန်းကိုတော့ “ထိုင်းနိုင်ငံကာချုပ်နေရာထိ မွတ်တေ ထိုးဖေါက်နေရာယူခဲ့တယ်၊ ထိုင်းဗုဒ္ဓဘုရင်ကို နန်းချမယ်အော်ဟစ်ခါ၊ မွတ်ဘာသာဝင်ကူးပြောင်းဖို့ အစီစဉ်ဆွဲခဲ့တယ်၊ ခုတော့ ထိုင်းနိုင်ငံခမျာ ဘုရင်ကမွတ်၊ ကာချုပ်ကမွတ် လာမဲ့မျိုးဆက်သစ် မွတ်ဘုရင်အကူးပြောင်းမှာ တူရဂီက အာတိုဂန်လို အခြားဘာသာဝင်များ မွတ်ဘာသာကူးပြောင်းရန်အမိန့်ထုတ်၊ မကူးလျှင် 1962အင်ဒိုနီးရှားလို နနံနက်6နာရီ ကြေကွဲစရာအဖြစ်မျိုး ကြုံလာရမှာဧကန်ပါ၊ အရှေ့တောင်အာရှမှာ မြင်နေရတဲ့သာဓတေရှိပါလျှက်၊ မြန်မာတေဇွတ်မိုက်ကြမယ်၊ ထိမ်းသိမ်းကြရမဲ့သူတေလဲ တာဝန်မကြေဘူးဆိုရင် လာမဲ့မြန်မာ့အနာဂ မတွေးရဲစရာပါ၊ တခါခါဒေါသထွက် ပေါက်ကွဲရေးမိတော့ ပြောကြတယ် ကျုပ်ကို ထမြီံခုံပါတဲ့၊ ကျုပ်ကပဲ ထမိန်ခြုံသလား ခင်ဗျားတို့ပဲ ထမိန်အေုပ်ခံချင်သလားတော့မသိ၊ nldတင်မဲ့ မြန်မာနိုင်ငံသမ္မတ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်စစ်စစ်ကြီပါတဲ့ဗျား။ ကဲ သေနတ်မဖေါက်ပဲ မြန်မာကိုသိမ်းဖို့ကြံပီ။ မြန်မာတို့ ဘယ်လဲဘာလဲ”လို့ ရေးသားထားတာတွေ့ရပါတယ်။ Screenshotရိုက်ထားတဲ့ပို့စ်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပြီး အထက်ပါပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
NLDအစိုးရလက်ထပ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရဲ့ ဒုတိယဥက္ကဌနဲ့ NRPCက ဆက်လက်ဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဖြစ်လာခဲ့သူ ဒေါက်တာတင်မျိုးဝင်းဟာ အခုလို အစိုးလုပ်ငန်းဆောင်တာတွေ မထမ်းဆောင်ခင်က မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံးနှင့် ဇိဝိတဒါနအသင်းမှာ စေတနာဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ပြီး ဒီဆေးရုံမှာ ခွဲစိတ်ဌာနအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်သာ တာဝန်ယူထားသာတွေ့ရပြီး အဲ့ဒီ့ဆေးရုံရဲ့ ဆေးရုံအုပ်မဟုတ်တာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – Muslim Charity Hospital link | Archive link
အဲ့ဒီ့ဆေးရုံအကြောင်းနဲ့ လုပ်ငန်းဆောင်ရွက်ပုံကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါ့အပြင် NLDပါတီရဲ့ ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ အတွင်ရေးမှူးမုံရွာအောင်ရှင်က “အရင်က မွတ်စ်လင်မ်ဆေးရုံမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ဖူးတယ်။ ဒါနဲ့ပဲ မွတ််စ်လင်ခ်ဘာသာဝင်ဖြစ်ရောလား၊ ယုတ္တိမရှိပါဘူး၊ ပြီးတော့ ဒေါက်တာတင်မျိုးဝင်းကို သမ္မတနေရာအတွက် အလားအလာကို ကျွန်တော်တော့ သိပ်မထင်ပါဘူး”လို့ Fact Crescendo Myanmarကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အထပ်အါအချက်အလက်တွေအရ ဒေါက်တာတင်မျိူဝင်းမှာ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံးရဲ့ ဆေးရုံအုပ်မဟုတ်သလို NLDပါတီက တင်မြှောက်မဲ့ သမ္မတလောင်းလည်း မဖြစ်နိုင်တာကို တွေ့ရတာကြောင့် အထက်ပါပို့စ်မှာ မှားယွင်းတဲ့ဖော်ပြချက် ဖြစ်တာကိုတွေ့ရပါတယ်။

Title:NLDက သမ္မတအဖြစ်တင်မြှောက်မဲ့ ဒေါက်တာတင်မျိုးဝင်းဟာ မွတ်ဆလင်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False