မိတ္ထီလာလေတပ်တိုက်ခိုက်ခံရပြီး လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံးခဲ့တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထးရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မိန္တိလာလေတပ် တိုက်ခိုက်ခံရပြီး
လေတပ်ဦးစီမှုးပါဝင်(၁၉)ဦး သေဆုံး”(မူရင်းပို့စ်ပါအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေပြုလုပ်တာတွေ့ရတယ်။
အခုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ က သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာနောင်းသတင်းဌာနရဲ့ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ မိတ္ထီလာမြို့ တိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၊ ကာမီကာဇေ ခေါ် Fixed Wing ဒရုန်း စုစုပေါင်း ၁၄ လုံး ပစ်ခတ်ခဲ့ကြောင်းနဲ့ လေဆိပ်ဝင်းထဲ ကျရောက်ပေါက်ကွဲမှုများလည်းရှိခဲ့တယ်လို့ သိရကြောင်း CDM စစ်တပ်အရာရှိ တစ်ဦးကပြောကြားချက်ကို ကိုးကားရေးသားထားပြီး ပျက်စီးထိခိုက်မှုနဲ့ သေဆုံးမှုကို မသိရကြောင်းစသည်ဖြင့်ဖော်ပြထာတယ်။ နေရာ ၈ ခုထက်မနည်းမှာလည်း Fixed Wing ဒရုန်း ၁၀ ခု ထက်မနည်း ရှာဖွေတွေ့ရှိထားပြီး လူ၊ အဆောက်အဦ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဖော်ပြကြောင်း ထိုအချိန်က သတင်းဖော်ပြချက်မှာပါရှိတယ်။

အဲဒီအချိန်က တခြားသတင်းဌာနတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြချက်မှာတော့ လူနဲ့ အဆောက်အဦး ထိခိုက်ပျက်စီးမှု တချို့ရှိခဲ့တယ်လို့ စစ်တပ်အတွင်းက သတင်းအရင်းအမြစ်တွေကို ကိုးကားဖော်ပြခဲ့ပေမဲ့ ဒါဇင်နဲ့ချီတဲ့ သေဆုံးမှုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာက ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခထဲ့တဲ့ “အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး”၊ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့”မကွေး၊ပဲခူးနဲ့ရခိုင်အစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
၂၀၂၄ ခုနှစ် နိုဝင်ဘာအတွင်းမှာ မိတ္ထီလာက ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှု သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။ အဲဒီအချိန်က အသေခံ ဒုံး၊ ရှော့တိုက်ဒုံးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံးတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိခဲ့ပါဘူး။
ပြောဆိုချက်- မိတ္ထီလာလေတပ်တိုက်ခိုက်ခံရပြီး လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံး

Title:Fact Check: မိတ္ထီလာလေတပ်တိုက်ခိုက်ခံရမှုဆိုတဲ့ နားလည်မှုလွှဲစေတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False