Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

False လူမှုရေး

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး အံ့အောစရာ၊ သနားစရာ၊ သံဝေဂရစရာ ဖြစ်ရခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။

“လပွတ္တာ မြို့မှာဖြစ်သွားတာပါ လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့ အမျိုးသမီး ဖြစ်ရပ်မှန် ဗီဒီယိုဖိုင်”လို့ရေးသားပြီး “True News”ယူကျူ့ချန်နယ်မှာ ဒီဇင်ဘာ ၉ ရက်က မျှဝေထားရာမှာ ကြည့်ရှု့သူ ၂ သိန်းကျော်ရှိခဲ့ပါတယ်။ ဒီဗွီဒီ ယိုကိုပဲ “Myat Min Kabar”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဇင်ဘာ ၁၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းကျော်ရှိပါတယ်။ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုတစ်ခုလုံးမှာ လပွတ္တာမြို့ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လူသားနဲ့တိရစ္ဆာန်ပေါင်းစပ်ထားဟန်ရှိတဲ့ သတ္တဝါ တစ်ကောင်ပုံကိုပဲ အသုံးပြု ထားပါတယ်။ Google မှာ ဒီဓာတ်ပုံဟာကိုပြန်လည်ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ 

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က CBC သတင်းဌာနရဲ့သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထား တာတွေ့ရပြီး သြစတြေးလျအနုပညာရှင်တစ်ဦးဖြစ်တဲ့ Patricia Piccinini အမည်နဲ့ အမျိုးသမီး ဖန်တီးထား တဲ့အနုပညာလက်ရာ တစ်ခုဖြစ်တယ် လို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် –  CBC |  Archive link

ထပ်မံပြီး ဒီအကြောင်းအရာဘယ်လိုပျံ့နှံခဲ့သလဲဆိုတာကို ထပ်မံပြီးအချက်အလက်ရှာဖွေကြည့်ရာမှာ ဝက်ဘ်ဆိုဒ်အများစုက ဖော်ပြချက်အရ “အရှင်ပုည( ဝကုန်း )”ဆိုပြီး ညွှန်းဆိုထားတာတွေ့ရပါတယ်။  ဖေ့စ်ဘွတ်မှာ ထပ်မံရှာဖွေကြည့်ရာမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၂ ရက်စွဲနဲ့ အရှင်ပုည(ဝကုန်း)အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “Credit- Zaw Zaw”လို့ ရေးသားထားတဲ့ အတွက် ဒီဖြစ်စဉ်ဟာ အရှင်ပုည(ဝကုန်း)ရဲ့ မူရင်းအတွေ့အကြုံလည်းမဟုတ်တာတွေ့ရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပျက်ခဲ့တဲ့အချိန်ဟာ မြန်မာသက္ကရာဇ် ၁၃၆၄ ခုနှစ်(အင်္ဂလိပ်သက္ကရစ် ၂၀၀၂)လို့ဆိုထားပါတယ်။ 

ဒီဖြစ်စဉ်ဟာ တစ်မြို့လုံးတစ်နယ်လုံးသိတဲ့ဖြစ်စဉ်လို့လည်းဆိုထားပြီး နှစ်အားဖြင့်လည်း ၁၈ နှစ် ဝန်းကျင်သာ ရှိသေးတာကြောင့် အခုလို ပျံ့နှံ့လျက်ရှိတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေသခံလည်းဖြစ်တဲ့ ဒုတိယ အကြိမ်လွှတ်ေတာ်မှာ လပွတ္တာမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ ဦးထွန်းလှ Fact Crescendo Myanmar က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒီလိုဖြစ်စဉ်မျိုး တစ်စုံမရှိခဲ့ဖူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်မှာနေနေတာကြာလှပြီ။ ဒီလိုဖြစ်စဉ်မျိုးမကြားမိပါဘူး။အဲဒါတွေက လျှောက်ရေးနေတာပါ”

သုံးသပ်ချက်

လပွတ္တာမှာ အမေစော်ကားမိလို့ လူစင်စစ်က ခွေးဘဝကူးသွားခဲ့ တစ်မြို့လုံး၊တစ်နယ်လုံးသိ မခင်လှဖြစ်ရပ်မှန် ဆိုပြီး ရေးသားမျှဝေနေပေမဲ့ ဒီဖြစ်စဉ်ဟာတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့  အထောက်အထားမတွေ့ရှိရပါဘူး။

Avatar

Title:လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *