
Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့် ဝေမှုတွေပြုလုပ်ကာ ပျံ့နှံ့မှု အားကောင်းလာတာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။
Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ “အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သား ဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်လျှက် သတင်း တစ်ခုကို ဇန်နဝါရီ ၁၁ ရက်က ရေးသားမျှဝေခဲ့ရာမှာ နာရီအနည်းငယ်အတွင်း ပြန်လည်မျှဝေသူ ရာဂဏန်းဝန်းကျင်ရှိခဲ့ပါတယ်။
သို့သော်လည်း ဒီသတင်းမှာ ဒေါက်တာဇော်မြင့်မောင်က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောကြားသလဲဆိုတဲ့ ပြောကြားချက်မျိုးအပါအဝင် သတင်းတစ်ပုဒ်မှာ ရှိအပ်တဲ့ အင်္ဂါရပ်တွေမပါဝင်တာကိုလည်း Fact Crescendo Myanmar က သတိပြုမိပါတယ်။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလို အလားတူသတင်း ဖော်ပြချက် မျိုးမတွေ့ရှိရပါဘူး။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တစ်ခုကိုအောက်ပါ အတိုင်းတွေ့ရ ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
“အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သားဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ သတင်းဟာ သတင်းတုဖြစ်ကြောင်း၊ဒေါက်တာ ဇော်မြင့်မောင်ပြောကြားခဲ့ခြင်းမရှိကြောင်း Mandalay News Journal အမည်နဲ့ စာမျက်နှာက ဖော်ပြထားပါတယ်။
မူရင်းလင့်ခ် – The Mandalay News Journal | Archive link
ဒီစာမျက်နှာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတဲ့ အတည်မပြုနိုင်ခြင်းမရှိတဲ့ သတင်းလုပ်ငန်းအဓိကလုပ်ငန်းလုပ်ကိုင်တဲ့ မီဒီယာတွေမှာ ဖော်ပြထားခြင်းမရှိတဲ့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ရေးသားချက်များကိုလည်း တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်ကလည်း “ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး အောက်ခြေမှာ ဖြစ်နေတာ ပြည်ထောင်စုအဆင့်နဲ့ မဆိုင်ဟုဆို” လို့ခေါင်းစဉ်တပ်လျက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉက္ကဌ ဦးလှသိန်းပြောကြားခဲ့သယောင် သတင်းတုကိုလည်း ရေးသားမျှဝေခဲ့ ပါသေးတယ်။

Fact Crescendo Myanmar က အချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။

Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ၂၀၂၀ ခုနှစ်ြသဂုတ် ၁၄ ရက်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာဖြစ်တာတွေ့ရပါတယ်။ ဒီစာမျက်နှာဟာ လူမှုစံချိန်စံညွှန်းတွေ အကြိမ်ကြိမ်ချိုးဖောက်မှုအတွက် Forward Media Group အမည်နဲ့ စာမျက်နှာပိတ်သိမ်းခံရနီးမှာ ပေါ်ပေါက်လာတဲ့စာ မျက်နှာလည်းဖြစ်ပြီး ယင်းစာမျက်နှာက ရေးသားဖန်တီးမှုနဲ့လည်း အလားသဏ္ဌာန်တူနေတာတွေ့ရပါတယ်။ ဒီစာမျက်နှာမှာ အဓိကအားဖြင့် လက်ရှိအာဏာရ ပါတီခေါင်းဆောင်တွေရဲ့ ပြောကြားချက်များအဖြစ် သတင်းတု ဖန်းတီးရေး သားပြီး မျှဝေလေ့ရှိပါတယ်။ Forward Media Group က သတင်းတုသတင်းမှားတွေကို အချက်အလက်စိစစ် ထားတာ ဒီလင့်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
Newpowermedia ကတင်ခဲ့တဲ့ပို့စ်တွေကို ထပ်မံလေ့လာကြည့်ရာမှာ နိုဝင်ဘာ ၂၅ ရက်မှာ “ရွေးကောက်ပွဲ ရလဒ်အငြင်းပွားမှုတွေဟာ မိမိတို့ NLDပါတီနဲ့ မဆိုင်တဲ့အတွက် ဂရုစိုက်စရာအကြောင်းမရှိဘူးလို့ ဒေါက်တာ ဇော်မြင့်မောင် ပြော”လို့ေခါင်းစဉ်တပ်ပြီးသတင်းမှားတစ်ခုထပ်မံဖြန့်ေဝခဲ့ပါေသးတယ်။ ေရွးေကာက်ပွဲ နဲ့ပတ်သက်ပြီး သတင်းတုသတင်းမှားေတွ ဖြန့်ေဝခဲ့တာကို Fact Crescendo Myanmar က အချက်အလက် စိစစ်ခဲ့တာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာတော့ ပညာရေးဝန်ကြီးဌာပြည်ထောင်စု ဝန်ကြီးက တရားစွဲခံရတဲ့ မဲရုံမှုးဆရာမတွေအတွက် ဖြေရှင်းပေးဖို့အစီအစဉ်မရှိဆိုပြီးတော့လည်း သတင်းမှား ဖြန့်ခဲ့ပါသေးတယ်။

အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
ဒီစာမျက်နှာမှာပဲ ြသဂုတ် ၂၄ ရက်က “ဦးဌေးအောင်ကိုဖမ်းဆီးတဲ့ကိစ္စအတွက် OIC ကိုယ်စား ဆော်ဒီအာရေး ဗီးယားနိုင်ငံမှ မြန်မာအစိုးရအား သတိပေး”လို့ရေးသားပြီး OIC အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်က ကုလသမဂ္ဂအစည်းအဝေးတက်ရင်းတွေ့ဆုံခဲ့ပုံကို အသုံးပြုပြိး သတင်းမှားဖြန့်ဝေခဲ့ပါသေးတယ်။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို ပတ်သက်ပြီးတော့ အချက်အလက်စိစစ်ထားတာကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ Newpowermedia စာမျက်နှာဟာ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းနဲ့ အညီလုပ်ကိုင်နေတဲ့ စာမျက်နှာတစ်ခုမဟုတ်ဘဲ ထင်ယောင်ထင်မှားစေဖို့အတွက် သတင်းတုသတင်းမှား ဖြန့်ချိဖို့အတွက် ရည်ရွယ်ထားတဲ့ စာမျက်နှာတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီစာမျက်နှာဖော်ပြတဲ့ သတင်းတွေဟာ အခြားသော သတင်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာကြီးတွေမှာလည်း မတွေ့ရှိရပါဘူး။

Title:ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတုတွေ ဖြန့်ဝေနေတဲ့ Newpowermedia
Fact Check By: Nayar MaungResult: False