Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။ 

ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ 

“ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး

အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ဗိုလ်ချုပ်သူရိန်ထွန်းကို AA က သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားပေမဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဒီလိုပဲ ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ “Border News Agency”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဒီဇင်ဘာ ၁၅၆ ရက်မှာ ‌ဖော်ပြခဲ့တဲ့  “မောင်တောမြို့နယ်မှ အရပ်သားငါးဆယ်ကျော်ကို ဗိုလ်မှူးချုပ်သူရိန်ထွန်း သတ်ဖြတ်ခဲ့”ဆိုတဲ့ သတင်းနဲ့ တခြားသတင်းတွေ( ဒီလင့်ခ်၊ ဒီလင့်ခ်)ကိုပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။

C:\Users\User\Downloads\Untitled၂.jpg

ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ စစ်အာဏာသိမ်းအပြီး မန္တလေးတိုင်းထဲမှာ ဆန္ဒပြသူတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး နန်းတွင်း စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူအဖြစ်လည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်တဦးဖြစ်တယ်။ 

သုံးသပ်ချက်

“Khit Thit Media”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖတ်ကြားပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA က သေဒဏ်ပေးလိုက်ပြီ ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဗွီဒီယိုထဲပါအကြောင်းအရာဟာ မောင်တောမှာ အပ်သား ၅၀ ဝန်းကျင်ကို ဗိုလ်မှူးချုပ် သူရိန်ထွန်းသတ်ဖြတ်ခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA က သေဒဏ်ပေးလိုက်ပြီ

Avatar

Title:Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *