Fact Check: အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့  ၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအား‌ကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“Breaking News

အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရပြီ

ဘောမ အနုပညာရှင်တွေ အော်ငိုနေကြပြီ

မင်းအောင်လှိုင်နဲ့ သူ့မိန်းမ တက်ရောက်နေလို့ ဗုံးကြဲတာဟု သိရ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ လုပ်နေတဲ့ နေရာဖြစ်တယ်။ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာဟာ တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့တဲ့ “MNDAA  နှင့် စစ်ကောင်စီအကြား လားရှိုးမြို့၏  ကံကြမ္မာ လာမည့် ကူးမင်း အစည်းအဝေးက အဆုံးအဖြတ် ဖြစ်မည်”၊ “တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်များနှင့်ပတ်သက်ပြီး အမြင်မစောင်းရန် NUG ယာယီသမ္မတဆို”၊ “ICC အရာရှိများအပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုကို ICC ရှုတ်ချ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ သတင်းမီဒီယာ တချို့မှာ‌ဖော်ပြခဲ့တဲ့ လားရှိုမြို့ကို MNDAA ပြန်ပေးမပေး လာမယ့် မတ်လမှာ ဆုံးဖြတ်မယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို အမြင်မစောင်းဖို့ NUG သမ္မတပြော၊ ICC ကို အမေရိကန် အရေးယူမှု ICC ရှုတ်ချစတဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး လိုအပ်သလို သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရ

Avatar

Title:Fact Check: အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *