Fact Check: ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးခဲ့ဆိုတဲ့ သတင်းတု

Misleading နိုင်ငံတကာ၊ | International

ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးသွားတယ်တဲ့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတု တခုဖြစ်တာတွေ့ရတယ်။

ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။

“Beijing ရေကြီးမူ လူ30 ကျော်သေတဲ့ ထဲ ဂျက်ကီချန်း ပါသွားတယ် တဲ့ စိတ်မကောင်းလိုက်တာ”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဂျက်ကီချမ်းသေဆုံးမှု သတင်းကို နိုင်ငံတကာသတင်းတွေနဲ့ တခြားသော သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဂျက်ကီချမ်း သေဆုံးမှုကောလဟာလတွေ ဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ မီဒီယာတွေနဲ့ အချက်အလက်စိစစ်သူတွေက  အတည်ပြုဖော်ပြပါတယ်။ 

ဒီအပြင် အမေရိကန် ဘက်စကစ်ဘောလုံးအသင်းဖြစ်တဲ့ Golden State Warriors က သြဂုတ် ၄ ရက်မှာပဲ အသင်းသားတဦးဖြစ်တဲ့ ဂျင်မီဘက်တလာ(Jimmy Butler)နဲ့ ဂျက်ကီချမ်းတွဲရိုက်ထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့ပါသေးတယ်။ 

ဒီလိုပဲ ဂျက်ကီချမ်းရဲ့ ဈာပနအခမ်းအနားပုံစံနဲ့ ဖော်ပြတဲ့ ဓာတ်ပုံဟာလည်း ဉာဏ်ရည်တု နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားကြောင်းကို ဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတွေ စစ်ဆေးနိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေမှာ တညီတညွှတ်ထဲ အတည်ပြုပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကို ကြည့်ပါ)

C:\Users\User\Downloads\Untitled.png

ဇူလိုင် ၂၃ က ၂၉ ရက်အတွင်း မိုးသည်းထန်လို့ ဘေဂျင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့ရပြီး  ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အဆိုးရွားဆုံး ရေကြီးမှုဖြစ်ခဲ့ပါတယ်။  သြဂုတ် ၄ ရက် မွန်းလွဲပိုင်းအထိ လူ ၇၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး အာဏာပိုင်တွေ က သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။ 

သုံးသပ်ချက်

ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးသွားတယ်ဆိုတာ အထောက်အထားမရှိပါဘူး။ ဂျက်ကီချမ်းရဲ့ စျာပနဓာတ်ပုံဟာလည်း ဉာဏ်ရည်တု နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တယ်။  ဒါကြောင့် ဘေဂျင်းရေဘေးမှာ ဂျက်ကီချမ်းသေဆုံးမှုဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံး

Avatar

Title:Fact Check: ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးခဲ့ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *