Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

Altered နိုင်ငံတကာ၊ | International

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လော့စ်အိန်ဂျလိ(Los Angeles)မြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလို့ ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ဒီလိုအဖြစ်အပျက် လော့စ်အိန်ဂျလိ မီးလောင်မှုမှာရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက် နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

“အတိတ်ကံကောင်းခဲ့လို့ ယခုကောင်းပါသည် ကံကံ၏အကျိုးပဲ အမေရိကားမှာ တစ်လုံးတည်း ကျန်ခဲ့တဲ့ အိမ်တဲ့”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံကို GoogleYandex နဲ့ Bing မှာ ဓာတ်ပုံရဲ့ ပျံ့နှံ့မှုပုံစံကို ရှာဖွေကြည့်ရာမှာလည်း ယုံကြည်ရလောက်တဲ့ သတင်းဌာနကနဲ့ မီဒီယာလုပ်ငန်းတွေက စတင်ဖော်ပြခဲ့တဲ့အထောက်အထားမတွေ့ရပါဘဲ ဒီဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence- AI)အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတပုံသာဖြစ်တယ် တဲ့အကြောင်း အချက်အလက်စစ်တဲ့ အဖွဲ့တွေက ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။)

Google မှာ ပုံရှာနည်းနဲ့ ရှာကြည့်ပြီး SynID နည်းပညာနဲ့ ဓာတ်ပုံကို “About this image”ဆိုတဲ့နေရာကို နှိပ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံဟာ “Made with Google AI”ဆိုပြီးတော့ဖော်ပြပါတယ်။ 

အဆောက်အဦးဟာ ကွန်ကရစ် သို့မဟုတ် အုတ်နဲ့ သံပြားတွေကို အသုံးပြုပြီး ဆောက်လုပ်ထား မယ်ဆိုရင် မီးလောင်ကျွမ်းပြာကျ သွားစရာမရှိဘူးလို့ ငြင်းချက်ထုတ်နိုင်ပေမဲ့ အဆောက်အဦး ပတ်ပတ်လည်က သစ်ပင်တွေဟာ မီးလောင်ကျွမ်းမှု တစုံတရာမရှိတာ မျက်မြင်နဲ့ ဓာတ်ပုံကို သေချာစစ်ဆေးကြည့်မယ်ဆိုရင် တွေ့ရပါတယ်။ အခြား ခပ်လှမ်းလှမ်းမှာလည်း တချို့သော အပင်တွေဟာ မီးလောင်ကျွမ်းခံရခြင်း မရှိတာတွေ့ရပါတယ်။ ဒီလိုပဲ ပတ်ဝန်းကျင် တခုလုံး လောင်ကျွမ်းသွားခဲ့သည့်တိုင်အောင် မီးအရှိန်ကြောင့် အဆောက်အဦးဟာ မီးခိုးမှိုင်းတွေနဲ့ စွဲထင်ကျန်ရစ်ခဲ့တာမျိုးလည်း ဒီဓာတ်ပုံမှာ မတွေ့ရပါဘူး။ 

သုံးသပ်ချက်

ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ထုတ်လုပ်ဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပျံ့နှံ့ခဲ့ပြီးဖြစ်ပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီဓာတ်ပုံကို သုံးစွဲ ‌ဖော်ပြချက် မတွေ့ရသေးပါဘူး။

ပြောဆိုချက်- လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံး

Avatar

Title:Fact Check: လော့စ်အိန်ဂျလိမြို့က တောမီးလောင်မှုမှာ ပြာပုံထဲကနေ အကောင်းတိုင်း ကျန်ရစ်ခဲ့တဲ့ အိမ်တလုံးလား

Fact Check By: နေရာမောင် 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *