Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်မှ ရိက္ခာဂိုဒေါင် မီးရှို့ ခံရပြီး နံရံတွင် “စစ်ခွေး မအလ” အတွက်ဟု စာရေးသားခဲ့၊ စစ်သည် ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရပြီး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြတ်မင်းသန်းက သတင်းကို ဖုံးဖိထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ 

Original link | Archive link

သုံးသပ်ချက်

“The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြပြီးသတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဟုမ္မ‌လင်းလေတပ်စခန်းဌာနချုပ်မှ ရိက္ခာဂိုဒေါင် မီးရှို့ ခံရတဲ့ သတင်းကို နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်ဆိုပြီး ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့

Avatar

Title:Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *