Fact Check: တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးလိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ဒေါ်စုသတင်း အပြည့်အစုံလာပြီ

အကျဉ်းသားများ လွတ်ငြိမ်းရပြီ

တရုတ်သွားတဲ့ စစ်ခေါင်းဆောင် အမိန့်ထုတ်ပြန်

တရုတ်ရဲ့ ဖိအားကြောင့် အကုန်လွတ်ငြိမ်းပေးရပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandala KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင် ဟာ တရုတ်‌သွားတဲ့ ခရီးစဉ်အတွင်းမှာ အကျဉ်းသားတွေ လွှတ်‌‌ပေးတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ 

တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်အုပ်စု၏ ရွေးကောက်ပွဲ ဂျပန်အစိုးရ လက်မခံ၊ ပြင်းထန်သော ဆန့်ကျင်မှုများ ဖြစ်ပေါ်စေမည့်အပြင် ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုမို ခက်ခဲစေမည်ဟု သတိပေး”၊ “ကုန်တွင်းပိတ် တရုတ်တောင်ပိုင်းအတွက် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက် ပေါက် ဖန်တီးပေးမည်ဟု မင်းအောင်လှိုင်က ကမ်းလှမ်း၊ ရခိုင်နှင့်တရုတ်သို့ ဆက်သွယ်မည့် ကျောက်ဖြူ -ကူမင်း ရထားလမ်းစီမံကိန်း အကောင် အထည်ဖော်ရန် တွန်းအားပေး”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ပြိုင်ဘက်တွေ မဟုတ်ဘဲ မိတ်ဖက်တွေအဖြစ် ရပ်တည်ဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Mandala KhitThit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖော်ပြပါတယ်။ တရုတ်က စစ်ခေါင်းဆောင်ကို ဖိအားပေးလို့ အကျဉ်းသားတွေ ပြန်လွတ်လာတယ်ဆိုတာ လုပ်ကြံရေးသားမျှဝေနခြင်းသာဖြစ်တယ်။ 

ပြောဆိုချက်- တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေး

Avatar

Title:Fact Check: တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *