မိတ္ထီလာလေတပ်စခန်းကို အာရက္ခတပ်ေတာ်(AA)က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။
“မိတ္ထီလာလေတပ် အမှောင်ကျသွားပြီ
တိုင်းမှုးပါဝင် စုပေါင်း(၅၂)ဦး သေဆုံး
ညသန်းခေါင်ယံအချိန် မိတ္ထီလာ လေတပ် ရခိုင့်တပ်တော်
အေအေ ရှော့တိုက်ဒုံး ထိုးကြွေး၊ တိုင်းမှူးပါဝင်(၅၂)ဦး သေဆုံး”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းဟောင်းကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။
အခုလိုပဲ မိတ္ထီလာ ရှမ်းတဲ့လေတပ်စခန်းတိုက်ခိုက်ခံရမှုမှာ စစ်တပ်က အများအပြား သေဆုံးတယ်ဆိုပြီး သတင်းဟောင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
“Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေ ပြန်လည် ဖြန့်ချိတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှု သတင်းဟောင်းကို ပြန်လည်ဖော်ပြပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။
ပြောဆိုချက်- မိတ္ထီလာလေတပ်စခန်းကို AA က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံး
Title:Fact Check: မိတ္ထီလာလေတပ်စခန်းကို AA က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

