ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ကျောက်ဖြူမြို့ကျသွားပြီ
အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း
တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ တကမ်းတော့ နိရဥ္ရာသတင်းဌာနက ဖော်ပြခဲ့တဲ့ “ကျောက်ဖြူတွင် AA နှင့် စစ်တပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်တပ်စစ်ကြောင်းပြိုကွဲကာ ဖရိုဖရဲပြန့်ကွဲသွား” ဆိုတဲ့ သတင်းနဲ့ တခြားသတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “ULA/AA နဲ့ ချင်းညီနောင်တို့ စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးမဟာမိတ်အထိ ပူးပေါင်းနိုင်ရေး ဆွေးနွေးခဲ့ဟု ဆို”၊ “လောင်းလုံးမြို့နယ်တွင် ခမရ ၄၀၆ နှင့် ခမရ ၄၀၉ တပ်ရင်းတို့မှ စစ်မှုထမ်း တပ်သား ၃ ဦးနှင့် စစ်သား ၁ ဦး အလင်းဝင်”စတဲ့ သတင်းတွေကိုလည်း ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိတဲ့နေရာခု က ဖြန့်ဝေနေခြင်းဖြစ်ပြီး ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာလည်း မီဒီယာတခုကဖော်ပြခဲ့ပြီးဖြစ်တဲ့ AA နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်မှု သတင်းကို ပြန်လည်ဖော်ပြထားပြီး ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတာ သတင်းတုသာ ဖြစ်တယ်။
ပြောဆိုချက်- ကျောက်ဖြူကို AA သိမ်းလိုက်ပြီ
Title:Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False

