Fact Check: ‌နေပြည်တော် စစ်ဆေးရုံကို AA တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးတဲ့  သတင်းတု 

False နိုင်ငံရေး | Politics

နေပြည်တော် စစ်ဆေးရုံကို အာရက္ခတပ်တော်( AA)တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးသွားတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက မျှဝေထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ၁ သိန်းကျော် ရရှိထားတယ်။ 

“နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းဗုံးကြဲ ဆေးရုံထဲမှာ လူပေါင်း(၃၀၀)ကျော် ပိတ်မိသေဆုံး နေပြည်တော်ရှိ စစ်ဆေးရုံကြီးကို အေအေ ဒရုန်းဗုံးကြဲချ၊ ဆေးရုံက လူပေါင်း(၃၀၀)ကျော် ပိတ်မိ သေဆုံး”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်း မီဒီယာ တချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း နေပြည်တော်က စစ်ဆေးရုံးကို AA က တိုက်ခိုက်မှု လူပေါင်း ၃၀၀ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မတွေ့ရပါဘူး။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာန ကဖော်ပြခဲ့တဲ့ “ရေးနှင့် ထားဝယ်မြို့နယ် တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး”၊ “ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်ကစခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့်KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက် တိုက်ဖြစ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြ ထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေနဲ့ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေကာ ပြန်လည် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော် စစ်ဆေးရုံကို အာရက္ခတပ်တော်( AA)တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးတယ်လို့ ဆိုတဲ့ သတင်းကို တခြားသော ယုံကြည်ရတဲ့ အရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

ပြောဆိုချက်- နေပြည်တော် စစ်ဆေးရုံကို  AA တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံး

Avatar

Title:Fact Check: ‌နေပြည်တော် စစ်ဆေးရုံကို AA တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *