Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံနဲ့အတူ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ 

“အကြမ်းဖက်သမား မင်းအောင်လှိုင် နဲ့ အပေါင်းပါတွေကို

၂၀၂၆ အစလောက်မှာ ဖမ်းစီးပြီး ရုံးတင်နိုင်ဖို့ အစွမ်းကုန်

ကြိုးစားနေပါတယ် ဟုတ်ကဲ့ ကျနော်တို့ ဖမ်းစီးရမိရင်တော့ 

ICC ကို လွဲပြောင်းမပေးပါဘူး ကိုယ့်လက်ကိုယ့်ခြေနဲ့ 

ပြည်သူရှေ့မှာ ပြတ်ပြတ်သားသားအရေးယူပါမယ်”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ x အကောင့်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင် ပါတယ်။ သူ့ရဲ့ မှတ်ချက်တွေနဲ့ အတွေးအမြင်တွေကို  x  မှာ ပုံမှန်မျှဝေလေ့ရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ အခုလို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ၂၀၂၆ အစောပိုင်းမှာ ဖမ်းဆီးနိုင်ဖို့ ဆိုတဲ့ ပြောဆို မျှဝေမှု မတွေ့ ရပါဘူး။ ဒီလိုပဲ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။

ဒီလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ပတ်သက်ပြီး မကြာခဏ မှားယွင်းဖြန့်ဝေမှုတွေရှိခဲ့ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ စာသားဟာ ရခိုင်အမျိုးသားရေးဝါဒ ဖြန့်ချိရေးလှုပ်ရှားနေသူ တဦးရဲ့ တစ်တော့အကောင့်က စတင်ဖြန့်ဝေလာခြင်းဖြစ်တယ်။ 

C:\Users\User\Downloads\Untitled.jpg

သုံးသပ်ချက်

မြန်မာစစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘဲ လုပ်ကြံရေးသားဖြန့်ချိမှု တခုဖြစ်တာတွေ့ရတယ်။ 
ပြောဆိုချက်- မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ AA စစ်ဦးချုပ် ပြော

Avatar

Title:Fact Check: မြန်မာစစ်‌ခေါင်းဆောင်ကို ၂၀၂၆ အစပိုင်းမှာ ဖမ်းစီးနိုင်ဖို့ ကြိုးပမ်းနေ တယ်လို့ AA စစ်ဦးချုပ်ပြောတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *