Fact Check: NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“အာဆီယံနဲ့ ပြသာနာ တက်ပြီ

NLD ဟာအစိုးရ ဖြစ်နေဆဲဟု အာဆီယံထုတ်ပြန်

စင်ကပူ မလေးရှား ထိုင်း မြန်မာ သံရုံးအားလုံးပိတ်သိမ်း

စစ်အုပ်စုကို ဆက်ဆံရေး တရားဝင်ရပ်ဆိုင်း”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “အာဆီယံ ဝန်ကြီး ၄ ဦး၏ နေပြည်တော်ခရီးစဉ် စစ်ကော်မရှင် ကန့်လန့်တိုက်နေ၍ ရွှေ့ဆိုင်းရခြင်းဖြစ်နိုင် ဟုဆို” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

 ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ မြေလတ်အသံက ‌ဖော်ပြခဲ့တဲ့ “AA ထိန်းချုပ်ထားတဲ့ ကပစ ၆ အနီး လေသာတောင်ကုန်းကို စစ်တပ်ကထိုးစစ်ဆင်နေပြီး သေဆုံးစစ်ကော်မရှင် တပ်သားတွေကို ကား ၂ စီးနဲ့ စစ်ဆေးရုံကိုပို့”စတဲ့ သတင်းတွေကိုလည်း ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

“Mandalay Khitthit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ အခုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး ၄ ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

Avatar

Title:Fact Check: NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: False