Fact Check: အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတု
အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ ပြင်းထန်တဲ့ အာဆီယံရဲ့ ဖိအားကြောင့် ဒေါ်စုကို နေအိမ်ပြန်ပို့ဖို့ ကောင်စီ ဆုံးဖြတ် ၊ ပြည်သူတွေ ကခုန်နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို […]
Continue Reading
