
ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့ ပို့စ်တစ်ခု မျှဝေထားတာရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။
စင်ကာပူမှာ ဒီဇင်ဘာ ၁၁ ရက်မှာ One Championship ရဲ့ BIG BANG II ရဲ့ အဓိကပြိုင်ဘက်တွဲများအဖြစ် အောင်လအန်ဆန်(Aung La N Sang)နဲ့ ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့ ထိုးသတ်မှာဖြစ်တယ် ဆိုပြီးတော့ ကြော်ညာပုံနှင့်တကွ မျှဝေထားတာဖြစ်ပါတယ်။
One Championship ပြိုင်ပွဲရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်မပါဝင်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီဇင်ဘာ ၂ ရက်ကလည်း အလားတူ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။
“ဂျင်းမဟုတ်ပါဘူးနော် 11ရက်နေ့ကိုပြောင်းသွားတာပါ 11ရက်နေ့ December တူတူအားပေးကြရအောင်အောက်က groupကိုဝင်ထားေပးနော် https://www.facebook.com/groups/408170356993477/?ref=share”လို့ ရေးသားလျက် “Aung La Nsang Live”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
One Championship ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့်ပွဲတွေကို ကြေညာထားတာတွေ့ရ ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် စင်ကာပူစံတော်ချိန် ည ၈ နာရီခွဲမှာ ဂျပန်လက်ဝှေ့သမား တိုင်ကီနိုင်တို(Taiki Naito) နဲ့ ဗြိတိန်လက်ဝှေ့သမား ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့က အဓိက တွဲဆိုင်းအဖြစ်ယှဉ်ပြိုင် ထိုးသတ်မယ်လို့ ကြေညာထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – One Championship | Archive link
တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ စုစုပေါင်း တွဲဆိုင်း ၆ တွဲ ယှဉ်ပြိုင်ထိုး သတ်မှာဖြစ်ပြီး ၆ တွဲစလုံးမှာ အောင်လအန်ဆန်မပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ် မယ်ဆိုတဲ့ပို့စ်ဟာ ဓာတ်ပုံကိုပြုပြင်ထားပြီး သတင်းမှားဖြန့်ဝေနေခြင်းသာဖြစ်ပါတယ်။

Title:ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False