အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယို “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။
အချက်အလက်စိစစ်ချက်
“Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတာနဲ့ လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။
အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရန်ကုန်တွင် အာဇာနည်နေ့အခမ်းအနားတက်သည့် မင်းအောင်လှိုင်ရောက်ရှိချိန် မင်္ဂလာဒုံ လေကြောင်း အတတ်သင်ကျောင်း ကို ဖောက်ခွဲတိုက်ခိုက်၊ စစ်တပ်က လုံခြုံရေး အလွန်တိုးမြှင့်ထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ သတင်း
သုံးသပ်ချက်
“Local Celegram” ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ မှာ မင်္ဂလာဒုံ လေကြောင်း အတတ်သင်ကျောင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာရှိပေမဲ့ စစ်ခေါင်းဆောင်တက်ရောက်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားမှာ ဖောက်ခွဲ တိုက်ခိုက်မှုမဟုတ်တာတွေ့ရပါတယ်။ ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ စစ်ခေါင်းဆောင်ထိခိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

Title:Fact Check: အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False