Fact Check: အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

False နိုင်ငံတကာ၊ | International

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုဆိုပြီးတော့ အုတ်ခဲနီရောင်လွှမ်မိုးတဲ့ အထပ်မြင့် အဆောက်အဦး နှစ်လုံး ပြိုကျသွားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ဒီဗွီဒီယိုဟာ အလက်စကာပြည်နယ်မှာ ဇူလိုင် ၁၆ ရက်က လှုပ်ခတ်ခဲ့တဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

Original link | Archive link

အချက်အလက်စိစစ်ချက်

ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Google မှာ ပုံရှာနည်းအသုံးပြုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့  မတ် ၂၈ ရက်က ငလျင်မှာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပြီး ထိုင်းနိုင်ငံက အဖြစ်အပျက်ဆိုပြီးတော့ အဲဒီအချိန်က ပြောဆိုထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီဗွီဒီယိုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်က အမေရိကန်နိုင်ငံ ကယ်လ်ဖိုးနီးယားပြည်နယ်က ငလျင်ဆိုပြီး‌တော့ လည်း ၂၀၂၄ ခုနှစ်ထဲမှာ ဖြန့်ဝေခဲ့ပါသေးတယ်။ 

Original link | Archive link

တိုက် ၂ လုံးပြိုကျတဲ့ ဒီဗွီဒီယိုဟာ ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့သလဲဆိုတဲ့ တိကျတဲ့ အထောက်အထားမတွေ့ရပေမဲ့ ပြိုကျပျက်စီပုံကို လေ့လာကြည့်မယ်ဆိုရင် အပြင်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုမဟုတ်ဘဲ ဂိမ်းဗွီဒီယိုရဲ့ အစိတ်အပိုင်းကို AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ ဒီအဆောက်အဦးပုံစံနဲ့ ပြိုကျပျက်စီးမှုတွေကို အွန်လိုင်းမှာ ပြီးခဲ့တဲ့ တနှစ်အတွင်း အမြောက်အများ တွေ့နိုင်ပါတယ်။ 

ဒီလိုပဲ ကားတစီးလမ်းမပေါ်မှာ လှုပ်ရမ်းနေတဲ့ ဗွီဒီယိုအစိတ်အပိုင်းဟာလည်း ဇူလိုင် ၁၆ ရက်က အမေရိကန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ကားပေါ်မှာ ဖော်ပြထားတဲ့ နံပါတ်ပြားဟာ ဂျပန်နိုင်ငံက ကားလိုင်စင်နံပါတ်ဖြစ်တာ တွေ့ရပါတယ်။ 

သုံးသပ်ချက်

ဗွီဒီယိုပါ အဆောက်အဦးပြိုကျမှု မြင်ကွင်းတွေကို ၂၀၂၄ ခုနှစ်လောက်ကတည်းက တွေ့ရပြီး အလက်စကာ ငလျင်မတိုင်ခင်ကတည်း အွန်လိုင်းမှာ ပျံနှံ့ခဲ့ပြီးဖြစ်တယ်။ ဒီအပြင် ဗွီဒီယိုဟာ အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ‌ဖော်ပြထားတဲ့ အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။

Avatar

Title:Fact Check: အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

Fact Check By: နေရာမောင်  

Result: False