ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei) ကို တည်ထောင်လိုက်ကြောင်း KTLA ခေါင်းဆောင် စောနယ်ဒါးမြက ဇန်နဝါရီ ၅ ရက်နေ့မှာ အငြင်းပွားဖွယ် ထုတ်ပြန်ကြေညာချက်အပြီးမှာ ဒီနိုင်ငံရဲ့ ငွေကြေးဆိုပြီးတော့ စောနယ်ဒါးမြရဲ့ ပုံနဲ့ ငွေစက္ကူပုံစံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလာပြီး ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“ကောသူးလေပိုက်ဆံထွက်ပါပြီ တန်ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဟုဆို”

အချက်အလက်စိစစ်ချက်
အခုလို ကော်သူးလေသမ္မတနိုင်ငံတော်တည်ထောင်လိုက်ကြောင်းကြေညာချက်အပါအဝင် KTLA ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Kaw Thoo Lei Army ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီလို အသိပေး ကြေညာချက် မတွေ့ရပါဘူး။
ဒီလိုပဲ ကော်သူးလေသမ္မတနိုင်ငံတော်တည်ထောင်လိုက်ကြောင်း စောနယ်ဒါးမြရဲ့ ကြေညာချက်ကို သတင်းမီဒီယာတချို့မှာဖော်ပြပေမဲ့ အခုလို ငွေစက္ကူထုတ်လုပ်သုံးစွဲမယ်ဆိုတဲ့ ကြေညာချက် မတွေ့ရပါဘူး။
ဒီအပြင် KTLA ရဲ့ အခုလို နိုင်ငံတည်ထောင်တဲ့ ထုတ်ပြန်ချက်ဟာ ကရင်အမျိုးသားတရပ်လုံးကို ကိုယ်စားမပြုသလို လူထုအကြားဝေဝါးစေတဲ့ ပြောဆိုချက်သာဖြစ်တယ်လို့ ကရင်ဝါရင့် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ကထုတ်ပြန်ထားတယ်။(KNU ၏မူလထုတ်ပြန်ချက်)

ဒီလိုပဲ AA က ကွန်ဖက်ဒရိတ်နိုင်ငံအဆင့် အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ပြောဆိုချက်အပြီးမှာလည်း အခုလိုပဲ AA က ထုတ်ဝေမယ့် ငွေစက္ကူဆိုပြီး သတင်းတု ဖြန့်ဝေခဲ့ပါသေးတယ်။
သုံးသပ်ချက်ကော်သူးလေနိုင်ငံ တည်ထောင်ကြောင်း KTLA ခေါင်းဆောင် စောနယ်ဒါးမြက ကြေညာခဲ့ပေမဲ့ အခုလို ငွေစက္ကူထုတ်မယ်ဆိုတဲ့ ပြောဆိုမှုကို ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေမှာ ဖော်ပြချက် မတွေ့ရတဲ့ အတွက် သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်လို့ Fact Crescendo Myanmar အနေနဲ့ ကောက်ချက်ချ ပါတယ်။
Title:Fact Check: ကော်သူးလေနိုင်ငံရဲ့ ငွေစက္ကူလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: Misleading

