Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

False နိုင်ငံရေး

မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။ 

သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။

“မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

၂၀၂၁ ခုနှစ် မေလထဲမှာကလည်း ဒီလိုမျှဝေမှုတွေရှိခဲ့တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက် စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ပထမဓာတ်ပုံကို Google မှာပုံရှာနည်း အသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ထရမ့်ထောက်ခံသူတွေဟာ အိမ်တွင်းအောင်းအစီအစဉ်ကို ဆန့်ကျင်ခဲ့ကြတယ်လို့ ရေးသားထားတဲ့ PBS News Hour ကသတင်းမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။

မူရင်းလင်ခ့် – PBSArchive link 

The Guardian သတင်းတစ်ခုမှာတော့ ဓာတ်ပုံစာသားနေရာမှာ “မြို့တော်ဝန် အန်ဒီဘီရှီးယား(Andy Beshear)ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ဖို့နဲ့ တစ်ဦးနဲ့ တစ်ဦးခပ်ခပ်ခွာခွာနေဖို့ လိုအပ်ချက်အမိန့်ကို ဆန့်ကျင်တဲ့အနေနဲ့ လူရာဂဏန်းများစွာဟာ ကန္တကီးပြည်နယ်မြို့တော် ဖရန့်ခ်ဖို့မှာ ဧပြီ ၁၅ ရက်က စုရုံးဆန္ဒပြခဲ့ကြသည်”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – The GuardianArchive link 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထောက်ခံပွဲပုံအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ကန္တကီးပြည်နယ်မှာ ဆန္ဒပြပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အခြားသော မျက်နှာဗုံးစွပ်အမျိုးသားကိုင်ထားတဲ့ ဓာတ်ပုံဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလျော့ချဖို့အတွက် အိမ်တွင်းအောင်းအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် ဆန်ဒီရေဂို မြို့က ဆန္ဒပြပွဲတစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – KtlaArchive link

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ထောက်ခံပွဲလို့ဆိုထားတဲ့ ဓာတ်ပုံနနဲ့ ဆန်ဒီရေဂိုမြို့က ဆန္ဒပြပွဲ၂ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်နိုင်ငံမှာ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုလျော့ချနိုင်ဖို့အတွက် အိမ်တွင်းအောင်အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်မှာ ဆန္ဒပြပွဲက ဓာတ်ပုံတွေကို ပြုပြင်ဖန်တီးပြီး မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published.