Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“တရုတ် အကြပ်ကိုင်လိုက်ပြီ

တရုတ်သံရုံး စစ်တပ်က မောင်းထုတ်

ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည်

စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော”

C:\Users\User\Downloads\Firefox_Screenshot_2025-08-11T11-58-12.272Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက် စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

တကယ်တမ်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “တရုတ် ခြေရာလက်ရာ များ အထင်အရှား တွေ့လာရသော စစ်အုပ်စု ရွေးကောက်ပွဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြ ထားတယ်။ Foreign Policy မဂ္ဂဇင်းက ‌ဖော်ပြခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ တရုတ်ဖိအားကြောင့် ရွေးကောက်ပွဲကို လုပ်မယ်လို့ ကတိပေးထားရပြီး တရုတ်ဟာ ရွေးကောက်ပွဲကို မြန်မာစစ်တပ် အသက်ရှုချောင် စေမယ့် နည်းလမ်းအဖြစ် ရှု့မြင်ထားကြောင်းနဲ့ ‌ရွေးကောက်ပွဲကို ပယ်ဖျက်တဲ့လုပ်ရပ်ဟာ တရုတ်အမျက်ဒေါသထွက်စေနိုင်ပေမဲ့ စစ်ခေါင်းဆောင်ဟာ စစ်တပ်ပေါ်မှာ မှီတည်နေရတာမို့ ရွေးကောက်ပွဲက စစ်တပ်ကို အားလျော့စေမယ်ဆိုရင် ရွေးကောက်ပွဲကို ပယ်ဖျက်ကောင်းပယ်ဖျက်နိုင်တယ်ကြောင်း စသည်ဖြင့် ‌ဖော်ပြထားတယ်။

အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် Myanmar Pressphoto Agency က‌ဖော်ပြခဲ့တဲ့ “မွန်တွင် ကြံ့ခိုင်ရေးပါတီဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဟု စည်းရုံးထားသော်လည်း စစ်မှုထမ်း စုဆောင်းခံနေရ”ဆိုတဲ့သတင်းဖြစ်တယ်။

သုံးသပ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit”ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ဖြန့်ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ကမောက်ကမဖြစ်နေပြီး အဖက်ဖက်က ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ် အတွက် ရွေးကောက်ပွဲဟာ ကယ်ပေါက်အဖြစ် တရုတ်က ရှု့မြင်ထားလို့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဖိအားပေးနေကြောင်း ‌ဖော်ပြချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

Avatar

Title:Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

Fact Check By: Zun Zee  

Result: False