
သမ္မတဦးဝင်းမြင့်က ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး လူမှုကွန်ယက် အသုံးပြုသူများအကြားမျှဝေနေတာတွေ့ရပါတယ်။သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ သတင်းတု ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။
“သူ့ကို သမ္မတကြီးအဖြစ် ဆက်အသိအမှတ်ပြုဖို့ ပြောနေသူတွေ သူပေးခဲ့တဲ့အမိန့်ကိုလည်း ဆက်လိုက်နာခိုင်းရမှာနော်
If he is to be still regarded as President, shall his orders be still enforced as well?
Aye NeWin”လို့ရေးသားပြီး “Aye NeWin – အေးနေဝင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီတဲ့ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဇန်နဝါရီလထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတာဝန်ရှိသူတွေကို ဦးတည်ပြီး အခုလို သတင်းစာ တစ်စောင်က ရေးသားဟန်သတင်းတုတွေ ဖြန့်ဝေခဲ့တာတွေကို Fact Crescendo က အချက်အလက် စိစစ်ထားတာရှိပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ဇန်နဝါရီ ၂၁ သတင်းစာတစ်စောင်က ရေးသားဟန်နဲ့ သတင်းတုဖြန့်ဝေခဲ့တာ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
ဇန်နဝါရီ ၁၉ ရက်ကလည်း မဲမသမာမှုတွေ ရှင်းပြီးမှသာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကပြောတယ်ဆိုပြီး သတင်းစာတစ်စောင်ကို ပြောကြားဟန်နဲ့ အလားတူ သတင်းတု ဖြန့်ဝေခဲ့ပါသေးတယ်။ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာလေ့လာ နိုင်ပါတယ်။
ထို့အပြင် မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ဖြန့်ဝေခဲ့ပါသေးတယ်။ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
ဒီသတင်းတုဖြန့်ချိမှုတွေကိုကြည့်မယ်ဆိုရင် မည်သည့် သတင်းစာမှာ ရေးသားဖော်ပြတယ်ဆိုတယ် အားလုံးတူညီတဲ့အချက်အလက်မျိုးမတွေ့ရှိရပါဘူး။ ဇန်နဝါရီ ၂၂ ရက်က ထုတ်ဝေတဲ့ သတင်းစာတွေမှာလည်း သမ္မတဦးဝင်းမြင့်က အဲဒီအချိန်က အခုလိုမျိုးပြောခဲ့တယ်ဆိုတဲ့ အလားသဏ္ဌာန်တူ သတင်းဖော်ပြချက်မျိုး မတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သမ္မတဦးဝင်းမြင့်က ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ ပြောခဲ့တယ်ဆိုတာ သတင်းတုဖန်တီးထားခြင်းဖြစ်ပါတယ်။

Title:ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ သမ္မတဦးဝင်းမြင့် အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းတုဖြန့်
Fact Check By: Nayar MaungResult: False