Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ဒေါ်စုနဲ့ဆွေးနွေးပြီး ပြန်မည် လုပ်နေပြီ

တရုတ်သမ္မတ နေပြည်တော်ရောက်ပြီ

အာဆီယံခေါင်းဆောင် ကြီးတွေနဲ့ အတူလာပြီး

ဒေါ်အောင်ဆန်းစုကြည် မဖြစ်မနေတွေ့မည်ဟု ပြင်းထန်အကြပ်ကိုင်နေ”

Original link | Archive link

အချက်အလက်စိစစ်ချက်

တရုတ်သမ္မတ မြန်မာနိုင်ငံလာတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေအပါအဝင် သတင်းမီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အပစ်ရပ် သဘောတူညီချက် ကျိုးပျက်ပြီး အကြမ်းဖက်မှုကြောင့် အရပ်သားတွေ အန္တရာယ်ဖြစ်တာကို အာဆီယံအဖွဲ့ အလွန်အမင်း စိတ်ပျက်ဟု ဆို”၊ “အင်တာနက်ချို့ယွင်းမှုကြောင့် ကိုယ်စားလှယ်လောင်း ၅၀ ကျော်စာရင်းကျန်”၊ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့“စစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFM တောင်းဆို”၊ “ကျောက်မဲနဲ့နောင်ချို နေရာ၅ခုမှာ တိုက်ပွဲဖြစ်နေ” စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

တရုတ်သမ္မတ မြန်မာနိုင်ငံလာတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိချိန်မှာ ဗွီဒီယို ဖြန့်ချိထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က မသက်ဆိုင်တဲ့ သတင်းတချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ  နေပြည်တော် ရောက်လာ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တရုတ်သမ္မတ နေပြည်တော် ရောက်လာတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *