Fact Check: NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြု လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“NLD ပါတီကို အာဏာပြန်လွှဲပေးမယ့်သတင်း

မင်းအောင်လှိုင် ကိုယ်တိုင်အတည်ပြုလိုက်ပြီ

လူထုခေါင်းဆောင် ကိုပွဲထုတ်ပြီးရှောင်ပြေး”

Original link | Archive link

အချက်အလက်စိစစ်ချက်

 ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ CNI သတင်းဌာနကဖော်ပြခဲ့တဲ့ “တစ်ပါတီစနစ်ဖြင့် သွားမည်ဆိုပါက တိုင်းပြည်ပိုပျက်သွားနိုင်”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ်ကို ပြန်လည်ဖော်ပြ ထားခြင်းဖြစ်တယ်။ ဒီ‌ဆောင်းပါးမှာ လာမည့်ရွေးကောက်ပွဲအတွက်  ပါတီစုံနဲ့ တပါတီစနစ်အကြား အငြင်းပွားမှုများရှိနေပြီး တချို့က တပါတီစနစ်က ပိုကောင်းတယ်လို့ ပြောဆိုနေပေမဲ့ အမှန်တကယ်မှာတော့ တပါတီစနစ်ဆိုရင် မြန်မာနိုင်ငံဟာ ဒီထက် ပိုမိုပျက်စီးသွားနိုင်တယ်လို့ ထောက်ပြပြောဆိုကြကြောင်း စသည်ဖြင့် နိုင်ငံရေးပါတီတွေရဲ့အမြင်တွေကို ဖော်ပြထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြု တယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ CNI သတင်းဌာနကဖော်ပြခဲ့တဲ့ တစ်ပါတီစနစ်က တိုင်းပြည်ပိုပျက်သွားနိုင်တယ်ဆိုတဲ့အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြပြီး‌ ခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အတည်ပြု

Avatar

Title:Fact Check: NLD ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *