
ရုရှားနိုင်ငံကို သွားရောက်စဉ် မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးမှုလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ်
လေယာဉ်ပျက်ကျလို့ သေပြီ
သတင်းဌာနအားလုံးအတည်ပြုပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ဖြန့်ဝေတာတွေ လုပ်တာ၊ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိတွေလုပ်ပါတယ်။
အခုလည်း “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတဲ့ ဗွီဒီယိုထဲပါ အကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနက မတ် ၃ ရက်မှာဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် စတင်”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တာတွေ့ရတယ်။
သုံးသပ်ချက်
ရုရှားသွားတဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ သတင်းဌာနကဖော်ပြခဲ့တဲ့ ရုရှားခရီးစဉ် စစ်ခေါင်းဆောင် စတင်ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။
ပြောဆိုချက်- ရုရှားသွားတဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံး

Title:Fact Check: ရုရှားသွားစဉ် စစ်ခေါင်းဆောင် လေယာဉ်ပျက်ကျ သေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False