Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာ ဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ တော်လှန်ရေးပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်ကားထုတ်လွှင့်” ဆိုတဲ့ သတင်းနဲ့ တခြားသော သတင်းတွေ(KK park ကိစ္စ KNU ငြင်းဆိုတဲ့ သတင်းကို ဒီလင့်ခ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ဖို့ JFM တိုက်တွန်းတဲ့သတင်းကို ဒီလင့်ခ်မှာကြည့်ပါ)ကို ဖော်ပြထားတယ်။  

Original link | Archive link

သုံးသပ်ချက်

“Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြပြီးသတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်တပ် ကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ တော်လှန်ရေး ပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်ကားထုတ်လွှင့်ဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဇာတ်ကားထဲပါတဲ့ မင်းသားတွေ အဖမ်းခံရတယ်ဆိုတာ မဟုတ်ပါ။

ပြောဆိုချက်- ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီး

Avatar

Title:Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *