Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

Misleading လူမှုရေး

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

 မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်. 

ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့

ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ

ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ခေါင်းစဉ်တုတပ်ဖော်ပြတာ ဒါမှမဟုတ် တခါတရံမှာ လုံးဝ လုပ်ကြံပြောဆိုချက်တွေလည်း ဖြန့်ဝေပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

မတ် ၂၈ ရက်က အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်မှာ ထိခိုက်ပျက်စီးမှု၊ လူသေဆုံးမှုတွေ ရှိနေပေမဲ့  စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ဘေးကင်းစွာရှိနေတယ်လို့ ဧရာဝတီသတင်းဌာနက မတ် ၂၉ ရက်မှာ သတင်းရင်းမြစ်တွေကို ကိုးကား‌ဖော်ပြပါတယ်။ စစ်ကောင်စီဘက ကတော့ ဒီကိစ္စကို အထူးတလဲ အတည်ပြုထုတ်ပြန်တာမရှိလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ 

C:\Users\User\Downloads\Untitled.png

ငလျင်ကြောင့် အကျဉ်းထောင်တချို့လည်း ပျက်စီးမှုရှိခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးသမားတွေ အမြောက်အများ အကျဉ်းချခံထားရတဲ့ မန္တလေးက အိုးဘိုထောင်လည်းအပါအဝင်ဖြစ်ပြီး အကျဉ်းသားအချို့သေဆုံးခဲ့ရပါတယ်။  ဒါပေမဲ့ သမ္မတဦးဝင်းမြင့်ဟာ တောင်ငူအကျဉ်းထောင်မှာ ရှိနေတာဖြစ်ပြီး အန္တရာယ်တစုံတရာဖြစ်ခဲ့တယ်ဆိုတဲ့ ပြောဆိုထုတ်ပြန်ချက် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။ 

သုံးသပ်ချက်

ဖျက်အားပြင်း ငလျင်ကြောင့် အကျဉ်းထောင်တချို့လည်း ပျက်စီးခဲ့ပြီး အကျဉ်းသားတချို့ သေဆုံးခဲ့ရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လည်း ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ခေါင်းစဉ်တုတပ်ဖော်ပြတာ ဒါမှမဟုတ် တခါတရံမှာ လုပ်ကြံပြောဆိုချက်တွေလည်း ဖြန့်ဝေပါတယ်။

ပြောဆိုချက်- ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လည်း သေဆုံး

Avatar

Title:Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *