
ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် မဲခွဲဆုံးဖြတ်နေချိန်မှာ “၅၉ စထောက်ခံပွဲ10. 3. 2020. သွေးကြောင်ရင်ဘေးရှောင်နေခဲ့ကြ ယခုမြင်ကွင်း” ဆိုပြီးတော့ လူတန်းကြီးတွေပါတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။
Thank Htike အမည်နဲ့အကောင့်က အောက်ပါအတိုင်းဖော်ပြထားပါတယ်။

Daw Lay Thiri အမည်နဲ့အကောင့်က 🇲🇲မှု့ခင်းနှင့်အထူးသတင်းများ ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
၁။ Google မှာကို ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုပြီး ပုံတွေရှာတဲ့အခါမှာ ဒီလိုအလားတူဓာတ်ပုံတွေ တွေ့ရပါတယ်။

၂။ Paing Zin Tun အမည်နဲ့အကောင့်က ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ ဒီဓာတ်ပုံတွေကို တွစ်တာမှာတင်ထားတာ တွေ့ရပါတယ်။

၃။ စစ်သားဂုဏ်ရည်အမည်နဲ့အကောင့်ကလည်း ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၄ ရက်နေ့မှာ ဒီဓာတ်ပုံတွေတင်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ ၂၀၂၀ မတ်လ ၁၀ ရက်နေ့မှာ လုပ်ခဲ့တဲ့ ၅၉ စ ထောက်ခံပွဲပုံမဟုတ်ဘဲ သတင်းမှားသာဖြစ်ပါတယ်။

Title:ဓာတ်ပုံဟောင်းတွေကို ယနေ့ဆန္ဒပြထောက်ခံပွဲအဖြစ် ပြန်လည်ဖော်ပြနေသတင်းမှား
Fact Check By: နေရာမောင်Result: False