စိမ်းစိုလာတဲ့ သစ်တောတွေဓာတ်ပုံက ပါကစ္စတန်က မဟုတ်ပါ

Coronavirus False လူမှုရေး

သစ်တောမရှိသလောက်ဖြစ်နေတဲ့ ကွင်းပြင်နဲ့ စိမ်းစိုနေတဲ့ တောအုပ်နှစ်ခုကို ယှဉ်ပြထားတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

ဒီဓာတ်ပုံကို “အလုပ်လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ခိုင်းလိုက်တဲ့ ပါကစ္စတန်”ဆိုတဲ့သတင်းမှာ ပြန်လည် မျှဝေနေ တာတွေ့ရပါတယ်။ “ကိုဗစ် ၁၉ ကြောင့် အလုပ်အများစုရပ်တန့်သွားတာကြောင့် ကမ္ဘာတဝှမ်းမှာ အလုပ် လက်မဲ့လူဦး ရေဟာလည်း အဆမတန် တိုးပွားလာခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဒီအကြပ်အတည်းကို အခွင့်အရေး တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတွင်း က အလုပ် လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ပျိုးရေးစီမံကိန်းမှာ နေ့စားအလုပ်သမားတွေအဖြစ် ငှားရမ်း ခန့်အပ် လိုက်ပါတယ်။ နိုင်ငံအနှံ့က နေရာအသီးသီးမှာ သစ်ပင်ပေါက်များ ပျိုးခြင်း ၊ ရေလောင်းခြင်း စတဲ့ အလုပ် တွေကို လုပ်ကြရမှာဖြစ်ပါတယ်”ဆိုပြီးရေးသားထားပါတယ်။ ဆက်လက်ပြီး ပို့စ်ကို မျှဝေသူက “ဒီအစီ အစဉ်ဟာ သစ်ပင်သန်း ၁သောင်း (10 Billion Tree Tsunami programme) လို့ အမည်ရတဲ့ စီမံကိန်းရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး ၅နှစ်တာ ကြာမြင့်မှာဖြစ်ပါတယ်”ဆိုပြီးဖော်ပြထားတာလည်းတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပေါင်းပြန်ရှာနည်းအသုံးပြုရှာဖွေရမှာအောက်ပါတိုင်းတွေ့ရပါတယ်။

ဒီပုံဟာ ဘရာဇီးနိုင်ငံက  Sebastião Salgado နဲ့ Lélia Deluiz Wanick Salgado အမည်ရတဲ့ ဇနီးမောင်နှံဟာ ဘရာဇီးနိုင်ငံမှာ ဇီဝမျိူးစုံမျိုးကွဲအတွက်အရေးပါတဲ့ သစ်တောတွေပြုန်းတီးသွားနေရာမှာ ဆယ်စုနှစ် ၂ ခုစာလောက် ဘဝမှာရင်းနှီးမြှုပ်နှံပြီး အပင်ပေါင်း ၂ ဒသမ ၇ သန်းပြန်လည်စိုက်ပျိုးနိုင်ခဲ့တဲ့ အကြောင်းရေး သားထားတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “10 billion tree tsunami programme” လို့ရိုက်ရှာပြီး မယ်ဆိုရင် ရိုက်တာသတင်းဌာနက ၂၀၂၀ ခုနှစ် ဧပြီး ၂၈ ရက်က လူမှုကွန်ယက်မှာ ပို့စ်မျှဝေသူတဲ့အတိုင်း အင်္ဂလိပ်ဘာသာနဲ့ရေး သားထားတာကိုတွေ့ရပါတယ်။ ။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ပို့စ်ကို ပြန်လည်မျှဝေသူရဲ့ ဓာတ်ပုံထဲမှာလည်း ၂၀၀၁ နဲ့ ၂၀၁၉ ဆိုပြီး ယှဉ်ပြထားတာတွေ့ရပါတယ်။ COVID-19 ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်စတင်တွေ့ရှိတယ်ဆိုလို့ ကြေညာခဲ့တာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာဖြစ်ပြီး ဒီအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာပဲဖြစ်နေသေးတာတွေ့ရပြီး ၂၀၂၀ ခုနှစ်ဇန်နဝါရီဝန်းကျင်မှာမှ ကျယ်ကျယ် ပြန့်ပြန့်နဲ့ အခြားနိုင်ငံတွေမှာ ပျံ့နှံ့ခဲ့တာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “Uzall Ti Ka‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူပို့စ်မှာရေးသားထားတဲ့ COVID-19 ကာလမှာ အလုပ်မဲ့အကိုင်မယ့်ဖြစ်သွားသူတွေကို ပါကစ္စတန်က အသုံးပြုပြီး သစ်တော တွေ ပြုစုပျိုးထောင် ခဲ့တယ်ဆိုတဲ့ သတင်းမှာ သုံးထားတဲ့ ဓာတ်ပုံဟာ ဘရာဇီးနိုင်ငံက ဇနီးမောင်နှံ ၂ ဉီး သစ်တောတွေ ပြန်လည်ပျိုးထောင်ခဲ့ပုံကို ဖော်ပြတဲ့သတင်းဓာတ်ပုံဖြစ်ပြီး ပါကစ္စတန်နိုင်ငံက စိမ်းလန်းရေးအစီအစဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:စိမ်းစိုလာတဲ့ သစ်တောတွေဓာတ်ပုံက ပါကစ္စတန်က မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *