TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

ဘာသာရေး လူမှုရေး

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။

တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။

FB linkArchive link

အချက်အလက်စိစစ်ချက်

၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။

၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။

၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။

၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။

၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ ရှာကြည့်တဲ့အခါ ၂၀၁၅ ခုနှစ်က တပ်မတော်က AA အဖွဲ့ဆီကနေ ဖမ်းဆီးရမိခဲ့တဲ့ ပုံပဲဖြစ်ပါတယ်။ 

၆။ ဒီကိစ္စကို Burma Campaign UK က အစီရင်ခံစာမှာရေးသားထားတာ တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေ ကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထား တဲ့ပစ္စည်း တွေဖြစ်နေဆိုတဲ့သတင်းဟာ သတင်းအတုသာဖြစ်ပါတယ်။ အိတ်ပေါ်က တံဆိပ်တွေဟာ တူရကီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တံဆိပ်တွေဖြစ်ပါတယ်။

Avatar

Title:TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *