
အသက်ရှုကြပ် ဝေဒနာကြောင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ဆေးရုံတင်ထားရတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
“ဘယ်လိုဖြစ်ရတာလဲ မအေးသောင်းရယ် အမြန်ဆုံးသက်သာပါစေ
အသက်ရှုကြပ် ဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ မအေးသောင်း ရုပ်သံ”ဆိုပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အဖွဲ့မှာ မျှဝေထားတာတွေ့ရပါတယ်။

အခြားသောဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” တို့မှာလည်း ဒီဗွီယိုကို ပြန်လည်မျှဝေတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
သတင်းမှာဖော်ပြထားတဲ့ လူပမာပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီပုံဟာ ၂၀၁၉ ခုနှစ် သ◌ြဂုတ်လထဲမှာ todaychinnews မှာ အခုလို တင်ထားတာတွေ့ရပါတယ်။

ဆက်လက်ပြီး အခြားသတင်းတွေကို ရှာကြည့်ရာမှာတော့ we.com.mm ကလည်း လွန်ခဲ့တဲ့ ၇ လက သရုတ်ဆောင်အေးဝတ်ရည်သောင်းဖျားနာတဲ့သတင်းကို တင်ထားတာတွေ့ရပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာကို သွားရောက်ကြည့်ရှု့မယ်ဆိုရင် ဆေးရုံတက်ရတဲ့အကြောင်းတင်ထားတာမတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ၅ နာရီအထိ tik tok ဗွီဒီယိုဆော့နေတယ်လို့ ရေးသားထားပါတယ်။
၂၀၁၉ ခုနှစ် သ◌ြဂုတ်လထဲမှာ ဆေးရုံတက်ရတဲ့ ဖျားနာမှုအကြောင်းကို သရုပ်ဆောင် အေးဝတ်ရည်သောင်းက အောက်ဖော်ပြပါ ဗွီဒီယိုမှာပြောကြားထားပါတယ်။ ဖျားနေတာကနေ ရေဘေးအကူအညီလိုက်ချင်တဲ့အတွက် ဆေးထိုးလိုက်တာကနေ အရမ်းကောင်းသွားတာကနေ ရေတွေ အအေးပတ်သွားတယ်ထင်တယ်လို့ ပြောကြားထားပါတယ်။

သုံးသပ်ချက်
အထက်က အချက်အလက်စိစစ်ချက်တွေအရ “အသက်ရှုကြပ် ဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ မအေးသောင်း ရုပ်သံ”ဆိုပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်၊ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” ကမျှဝေထားတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။

Title:အသက်ရှုကြပ် ဝေဒနာကြောင့် အေးဝတ်ရည်သောင်း အရေးပေါ် ဆေးရုံတင်ထားရသလား
Fact Check By: နေရာမောင်Result: False