
၂၀၂၀ ခုနှစ် ဇွန်လလယ်မှာ တရုတ်-အိန္ဒိယနယ်စပ်မှာ နှစ်ဖက်စစ်သားတွေကြား အပြန်အလှန် တိုက်ခိုက်ကြရာ ကနေ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး နှစ်နိုင်ငံတင်မားမှုဖြစ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ အငြင်း ပွားမှုမကြာခဏဖြစ်ပေါ်ခဲ့တာတွေ့ရပြီး ဇွန်လ ၁၅ ရက်နေ့က တစ်ဖက်နဲ့တစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုမှာ အိန္ဒိယ စစ်သည်အနည်းဆုံး ၂၀ ဦး သေဆုံးပြီး တရုတ်စစ်သည် ၄၃ ဦးလည်း သေဆုံးနိုင်တယ်လို့ အိန္ဒိယမီဒီ ယာတွေကရေးသားခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ အိန္ဒိယ နဲ့ တရုတ်လက်ရှိ အခြေနေအဖြစ်ဗီဒီယိုတစ်ခု ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရ ပါတယ်။
“New Mc Sport”၊ “ဒေါ်နန့်ခိုင် သဇင်ဝင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးမျှမျှဝေထားကြပါတယ်။

အချက်အလက်စိစစ်ချက်
အမှန်တော့ ဒီဗီဒီယိုတွေဟာ ၂၀၁၄ ခုနှစ် တုန်းက Arunachal နယ်စပ်မှာ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံတုန်းကဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
“New Mc Sport” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ပို့စ်က ဗွီဒီယိုနဲ့ ၂၀၁၄ ခုနှစ် ြသဂုတ် ၂၈ ရက်က ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုရဲ့ အစပိုင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီဗွီဒီယိုဟာ အိန္ဒိယမှာလည်း လက်ရှိ ဇွန် ၁၅ ရက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အဖြစ်ပျံ့နှံ့ခဲ့တာရှိပြီးတော့ Fact Crescendo က မာလာလယန်ဘာသာစကားနဲ့ အချက်အလက်စိစစ်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “New Mc Sport”၊ “ဒေါ်နန့်ခိုင် သဇင်ဝင်း” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ တွေမျှဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ ဇွန် ၁၅ ရက်က တရုတ်-အိန္ဒိယနှစ်နိုင်ငံတင်းမာမှု အဖြစ်အပျက်က ဗွီဒီယို မဟုတ်တာတွေ့ရပါတယ်။

Title:၂၀၁၄ ခုနှစ်တုန်းက တရုတ်-အိန္ဒိယနယ်စပ်ပြဿနာဗွီဒီယိုကို မကြာသေးခင်ကဖြစ်တဲ့ ပဋိပက္ခအဖြစ်ဖော်ပြနေ
Fact Check By: Nayar MaungResult: Misleading