
လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဉီးရှိရမည်ထက် ပိုပြီး ဗိုက်ပူနေတဲ့ အမျိုးသမီးတစ်ဉီးဓာတ်ပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံနဲ့ ပို့စ်တစ်ခု ပျံ့နှံတာတွေ့ရပါတယ်။
“18မွှာမွေးသော အမျိုးသမီး မျက်လုံးတေပါ ပြူးသွားတယ်” “Cho Than” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲ “Khuun Sitt Thway”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ကဲ ၁၈ မွှာတဲ့ မွေးလိုက်ကြရအောင် သဲတို့” ဆိုပြီး “Crush” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာမျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံတွေကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီကိုယ်ဝန်ဆောင် အမျိုး သမီးပုံနဲ့ ကလေး အမြောက်အများနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ အမျိုးသားတစ်ဉီးပုံဟာ နိုင်ငံတကာမှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကလေး ၁၇ မွှာမွေးတဲ့အမျိုးသမီးအဖြစ် ပျံ့နှံ့ဖူးတာတွေ့ရပါတယ်။ ဒီသတင်းက အမှန် မဟုတ်ကြောင်းကို အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းအတော်များများက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ စိစစ်မှု တွေလုပ်ထားတာကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
World News Daily Report ဆိုတဲ့ လူကြိုက်များမယ့် ထင်ရာမြင်ရာတွေ လျှောက်ရေးတဲ့ ဝက်ဘ်ဆိုဒ်က ၂၀၁၄ ခုနှစ်တုန်းကရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်ကလွဲလို့ ဒီလိုမျိုး အပြင်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့ Snopes ဆိုတဲ့ဝက်ဘ်ဆိုဒ်ကရေးသားပါတယ်။

ဒီလိုပဲ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဉီးရှိရမည်ထက် ပိုပြီး ဗိုက်ပူနေတဲ့ အမျိုးသမီးတစ်ဉီးရဲ့ ပုံဟာ အောက်ပါလင့်ခ်မှာပါတဲ့ ပုံနဲ့ သွားပြီးတူနေတာတွေ့ရပါတယ်။ ဒီဝက်ဆိုဒ်ဟာ အနုပညာမြောက်ဓာတ်ပုံနဲ့ ဒီဇိုင်းဖန်တီးသူအတွက် အွန်လိုင်းကနေ အလွယ်တကူ ဓာတ်ပုံနဲ့ ဒီဇိုင်းပြုပြင်ရေးဆွဲနိုင်တဲ့ ဝက်ဆိုဒ်တစ်ခုဖြစ် တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလိုပဲ ကလေးအမြောက်အများနဲ့ အမျိုးသားပုံဟာ အမေရိကန်က သားဖွားမီးယက်ဆရာဝန်တစ်ဉီးဖြစ်တာ တွေ့ရပြီး ဒီကလေးတွေနဲ့ ပုံကို ၂၀၁၂ ခုနှစ် ြသဂုတ်လထဲမှာ ဒီပုံကို တင်ထားတာတွေ့ရပါတယ်။ ဒီပုံထဲကအတိုင်း ကလေးအရေအတွက် ရေတွက်မယ်ဆိုရင်လည်း ကလေးဟာ ၁၈ ယောက်မဟုတ်ဘဲ ၁၉ ယောက်ဖြစ်နေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ကမ္ဘာမှာဖြစ်ပျက်ခဲ့တဲ့ စံချိန်တွေကို ရေးမှတ်သားတဲ့ ဂင်းနစ်စံချိန်မှတ်တမ်းမှာဖော်ပြချက်အရလည်း ကမ္ဘာမှာ တစ်ချိန်ထဲတစ်ပြိုင်ထဲနဲ့ ကလေးအများဆုံးမွေးခဲ့တဲ့ အမျိုးသမီးဟာ Nadya Suleman ဆိုတဲ့အမျိုးသမီးဖြစ်ပြီး ယောင်္ကျားလေး ၆ ယောက်နဲ့ မိန်းကလေး ၂ ယောက်မွေးခဲ့ပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာ နိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ကလေး ၁၈ ယောက်မွေးခဲ့တယ်ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ သတင်းတစ်ခုမဟုတ်တာတွေ့ရပြီး လုပ်ကြံရေးသားထားတဲ့ သတင်းတစ်ခုဖြစ်တာ ေတွ့ရပါတယ်။

Title:ကိုယ်ဝန်ေဆာင်အမျိုးသမီးတစ်ေယာက်က က ေလး ၁၈ မွှာမွေးသတဲ့လား
Fact Check By: Nayar MaungResult: False