Fact Check: အရာတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ ကဲဘားရွာ စစ်တပ်ကမီးရှို့မှု ဗွီဒီယိုကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

False လူမှုရေး

အရာတော်မြို့နယ် ကဲဘားကျေးရွာကို PDF တွေ မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုဟာဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီယိုဟာ မူလက စစ်တပ်က ကဲဘားရွာကို မီးရှို့မှုအကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ် စာမျက်နှာမှာဖော်ပြထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

“မနေ့က အရာတော်မြို့နယ် ကဲဘာရွာ မီးလောင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် PDFအကြမ်းဖက်တွေ တော်တော်လူစိတ်မရှိ အောက်တန်းကျတယ်လို့ပဲပြောရမယ်

တပ်က အကြမ်းဖက်PDFတွေ ကဲဘာရွာထဲခိုအောင်းနေတဲ့သတင်းရလို့ ဝင်ရောက်စစ်ဆေးချိန် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းကနေ လက်လုပ်သေနက်တွေ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းမိလိုက်တယ်

အကြမ်းဖက်PDFတွေကတော့ တပ်၀င်လာပြီဆိုတာနဲ့ ထွက်ပြေးသွားကြတယ်

တပ်ကလဲ သူစစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး ပြန်ထွက်သွားတယ်

ဇာတ်လမ်းက ဒီအချိန်မှစတာ

တပ်ကထွက်သွားချိန် ရွာထဲကို PDFအကြမ်းဖက်တွေ ပြန်၀င်လာပြီး ရွာခံတွေက သူတို့သတင်းကိုပေးလို့ တပ်ကလာတာဆိုပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းလိုက်တော့တာပဲ”စသည်ဖြင့်ရေးသားပြီး “ကော်ဖီတစ်ခွက်ရဲ့ ဒိုင်ယာရီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြထားတဲ့ ဗွီဒီယိုကို ပြန်လည်တည်းဖြတ်ပြီး PDF တွေက မီးရှို့နေတယ်ဆိုပြီးတော့ ပြန်ဖော်ပြနေတာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲမှာဆိုရင် မီးလောင်နေတာကို မီးငြှိမ်းသက်နေတာတွေ့ရပါတယ်။ 

အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်စာမျက်နှာက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်စွဲနဲ့ “အရာတော်၊ ကဲဘာကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီး(ရုပ်သံ)” လို့ရေးသားပြီး ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဆက်လက်ပြီး “ယနေ့ ဒီဇင်ဘာ(၁၃)ရက်၊ မနက်ပိုင်းတွင် စစ်တပ် နှင့် ဒေသခံပျူစောထီး ပူးပေါင်းအင်အား(၁၀၀)ကျော်က အရာတော်အရှေ့တောင်နယ်၊ ကဲဘာ‌ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ (၁၀၀)နီးပါး မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ကဲဘာကျေးရွာသည် အိမ်ခြေရာဂဏန်းရှိပြီး ယခု စစ်တပ်၏ မီးရှို့မှုကြောင့် တစ်ရွာလုံးနီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။”စသည်ဖြင့်လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးArchive link 

အရာတော်မြို့နယ်၊ ကဲဘားကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုအဖြစ် ဒီဗွီဒီယိုကို လွတ်လပ်တဲ့ မီဒီယာတွေမှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ ကဲဘားရွာက ဓားစာခံလုပ်ခံရတဲ့ ရွာသားတစ်ဦးရဲ့ဖွင့်ဟချက်ဆိုပြီးတော့ Myanmar Now သတင်းဌာနက ဖော်ပြထားတဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အရာတော်မြို့နယ်၊ ကဲဘားကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကို PDF တွေ မီးငြှိမ်းသက်နေတာကို ဖော်ပြထားတဲ့ ဗွီဒီယိုကိုပြန်လည်တည်းဖြတ်ပြီး PDF တွေက မီးရှိုနေ့တယ်ဆိုပြီးတော့ ဖော်ပြနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: အရာတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ ကဲဘားရွာ စစ်တပ်ကမီးရှို့မှု ဗွီဒီယိုကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *