Fact Check: ရင်ခေါင်းအထူးကုဒေါက်တာအောင်သက်ဇော်ကွယ်လွန်ဆိုတဲ့ သတင်းတုတစ်ကျော့ပြန်ပျံ့နှံ့

Coronavirus False နိုင်ငံရေး | Politics

စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်သက် ဇော်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲခြင်းလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက် ရှိတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ #အထူးဝမ်းနည်းကြေကွဲခြင်းနှင့်အတူလေးစားဂုဏ်ပြုလျက်ပါ . ဒေါက်တာအောင်သက် ဇော် (၃၇)နှစ် စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီးနှင့် မန္တလေး မှ ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်ကူညီတဲ့ ဆရာမတစ်ဦး ကွယ်လွန်…။ ( ၁၆ . ၁၁. ၂၀၂၀ ) ၊ ရန်ကုန် တိုင်းပြည်အတွက် . . . ပြည်သူအတွက်အသက်ပေးသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ကောင်းရာသုဂတိ ရောက်ပါစေ။”(မူရင်းအရေးအသားအတိုင်း)လို့ရေးသားထားပါတယ်။

ဒီပို့စ်ဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်ပြီး အောက်တိုဘာ ပထမပတ်ကလည်းပျံ့နှံ့ခဲ့ဖူးတာတွေ့ရပြီး Crescendo Myanmar ကတွေ့ ရှိရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာ ရေးသားမျှဝေမှုနဲ့ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

မန္တလေးဆေးတက္ကသိုလ်၊ ဆေးပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်ဦးက မန္တလေးမှာ ဒေါက်တာ အောင်သက်ဇော်အမည်နဲ့ သမားတော် သို့မဟုတ် ခွဲစိပ်အထူးကုမရှိကြောင်းနဲ့ သတင်းတုတစ်ခုဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်က လူမှုကွန်ယက်စာမျက်နှာမှတဆင့်ရှင်းလင်းခဲ့ဖူးတာအောက်ပါ အတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Maung Maung Oo  |  Archive link

အဲဒီအချိန်က ဒီလိုပျံ့နှံ့ခဲ့တဲ့ပို့စ်နဲ့ပတ်သက်ပြီး ငြမ်းသတင်းဌာနက အချက်အလက်စိစစ်ခဲ့ဖူးတာတွေ့ရပါတယ်။ ဒီလိုပို့စ်တစ်ုခကို တင်ခဲ့သူကလည်း သတင်းမှားတင်မိတာဖြစ်ကြောင်းပြန်လည်ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာဝင်ရောက်လေ့လာ နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော်ကွယ်လွန် ဆိုတဲ့ ပို့စ်ဟာ သတင်းတုတစ်ခုဖြစ်ပြီး ပြန်လည်မျှဝေနေကြခြင်းဖြစ်ပါတယ်။

Avatar

Title:ရင်ခေါင်းအထူးကုဒေါက်တာအောင်သက်ဇော်ကွယ်လွန်ဆိုတဲ့ သတင်းတုတစ်ကျော့ပြန်ပျံ့နှံ့

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *