Fact Check: ရေနွေးဖြူသောက်ရင် ကင်ဆာ၊သွေးတိုးအပါအဝင်ရောဂါ ‌ပေါင်းစုံ ပျောက်တယ်ဆိုတာ အထောက်အထားမရှိပါ

Missing Context ကျန်းမာရေး၊ | Health

ရေနွေးဖြူကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကင်ဆာနဲ့ သွေးတိုးအပါအဝင် နာတာရှည်ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။ 

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ ရှည်လျားစွာဖော်ပြထားတဲ့ ရေးနွေးသောက်ခြင်းဖြင့် ပျောက်ကင်းတယ်ဆိုတဲ့ ရောဂါများစွာလည်းပါဝင်တဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။ 

“ရေဖြူကိုကြိုချက် အအေးခံပြီး ရေ

အဖြင့်ပြန်သောက် တခါသောက်ရင်

ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင်

အောင်သောက် သင်တို့ခန္ဓာကိုယ်က

ရောဂါအားလုံးနီးနီးနိုင် သွေးတိုး ဆီးချို

ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း 

လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး

ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့

သောက်ရပါ့မည်။”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ရေနွေးသောက်တာဟာ တချို့သော အထွေထွေကျန်းမာရေးအကျိုးရလာဒ်တွေရှိပေမဲ့(ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) ရေနွေးသောက်လို့ ရောဂါတွေကို အမြစ်ပြတ်ကုသနိုင်တယ်ဆိုပြီး တိကျခိုင်မှာတဲ့ လေ့လာတွေ့ရှိချက်တွေမရှိပါဘူး။ 

ဒီပို့စ်ဟာ တခြားသော ဘာသာစကားအသုံးပြုသူတွေလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကတည်းက ပျံ့နှံ့ခဲ့ပြီး အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းအသီးသီးက အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ Fact Crescendo ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

ယေဘုယျအားဖြင့် ရေအေးသောက်သုံးမှုထက် ရေနွေးသောက်သုံးမှုဟာ ခန္ဓာကိုယ်အတွက် ပိုမိုအကျိုးကျေးဇူး ရှိပြီး ရုတ်တရက်သတိလစ်မေ့မျောတတ်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားတော့မရှိပါဘူး။ ဒီလိုပဲ ရေနွေးသောက်တာကြောင့် နှာစေးတာ၊ နှာခေါင်းပိတ်ဝေဒနာခံစား ရတာကို သက်သာစေသလို ဝမ်းချုပ်တာနဲ့ ခေါင်းကိုက်တာအပါအဝင် ကိုက်ခဲမှုတွေကို ယာယီသက်သာ စေတာတွေရှိပေမဲ့ အမျိုးမျိုးသေ ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သုတေသနမျိုးတော့ မရှိပါဘူး။ ကမ္ဘာအရပ်ရပ်က ကျွမ်းကျင်သူ ဆရာဝန်တချို့ရဲ့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြချက်နဲ့  မြန်မာဘာသာပြန်ဆိုချက်ကို အောက်မှာ ကြည့်ပါ။ 

“ကျွမ်းကျင်သူများ၏ မှတ်ချက်

Olabisi Onabanjo University Teaching Hospital မှ ဆေးဘက်ဆိုင်ရာ ပညာရှင် ဒေါက်တာ Opeyemi Adeyemi က “ရေနွေးနွေးဟာ ဝေဒနာများကို ပျောက်ကင်းစေခြင်း မရှိကြောင်း ICIR Nigeria သို့ ပြောကြားခဲ့သည်။ တစ်စုံတစ်ယောက်သည် ကျန်းမာရေးအခြေအနေတခု စစ်ဆေးတွေ့ရှိပါက ရေနွေးနွေးဟာ ရောဂါပျောက်ကင်းစေရန် အကျိုးသက်ရောက်စေမှာမဟုတ်ပါဘူး”

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ ဆေးပညာ၊ အဏုဇီဝဗေဒနှင့် ခုခံအားဗေဒ ပါမောက္ခ ဒေါက်တာ Warner Greene က “သွေးတိုးရောဂါကို ကုသဖို့အတွက်ဖြစ်စေ နှလုံးရောဂါတွေကို ဖြစ်စေ ရေအေးထက် ရေနွေးက ကုသရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ အချက်အလက်တွေကို ကျွန်တော် သတိမထားမိပါဘူး”

သုံးသပ်ချက်

အရမ်းပူတဲ့ ရေနွေးကို သောက်သုံးမိလို့ ခံတွင်းနဲ့ပါစပ်မှာ အပူလောင်နိုင်တာကလွဲလို့ ရေနွေးသောက်လို့ ဆိုးကျိုးဖြစ်စေနိုင်တဲ့ အ‌ထောက်အထားမရှိပေမဲ့ ရေနွေးက ရောဂါအားလုံးပျောက်ကင်းဖို့အတွက် ကုထုံးတခုဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကတော့ မှားယွင်းပါတယ်။ ရေနွေးသောက်သုံးတာဟာ အထွေထွေကျန်းမာရေးအတွက် ကောင်းကျိုးတချို့ရှိပေမဲ့ ရောဂါတွေကို ကုသနိုင်တာတော့ မဟုတ်ပါဘူး။

ပြောဆိုချက်- ရေနွေးဖြူကို ပုံမှန်သောက်သုံးမယ်ဆိုရင် ကင်ဆာနဲ့ သွေးတိုးအပါအဝင် နာတာရှည်ရောဂါတွေကို ပျောက်ကင်းစေနိုင်

Avatar

Title:Fact Check: ရေနွေးဖြူသောက်ရင် ကင်ဆာ၊သွေးတိုးအပါအဝင်ရောဂါ ‌ပေါင်းစုံ ပျောက်တယ်ဆိုတာ အထောက်အထားမရှိပါ

Fact Check By: နေရာမောင် 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *