Fact Check : ရန်ကုန်လေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်လေဆိပ်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  

“ရန်ကုန်လေဆိပ် ဈေးဦးပေါက်ပြီ အ‌သေခံ ဒရုန်း နဲ့ 

ရန်ကုန် လေဆိပ် တိုက်ခိုက်ခံရလို့ မသာပေါ် ကုန်ပြီ”

Original link | Archive link

အလားတူတဲ့ ရေးသားမျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ 

အချက်အလက်စိစစ်ချက်

“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြခဲ့တဲ့ မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရတဲ့ အကြောင်းအရာဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ  နံနက်ပိုင်းက KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ကချင်ပြည်နယ် မြစ်ကြီးနား လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။) 

ဒါပေမဲ့ ရန်ကုန်လေဆိပ်ကိုလည်း အဲဒီနေ့ ညနေပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ဖို့  ကြိုးပမ်းမှုမှာ ထိခိုက်မှုအနည်းငယ် ရှိခဲ့တယ်ဆိုတဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ ဖော်ပြခြင်းမရှိပါဘူး။ 

ဒီလိုပဲ နောက်ထပ် “The Daily Lens”က ဖော်ပြခဲ့တဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း စီးပွားရေး တိုးတက်ခဲ့တယ်လို့ ပြသဖို့ စာရင်းလိမ်လည်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညွှန်ကြားထားတဲ့အကြောင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ 

သုံးသပ်ချက်

“The Daily Lens”ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။ မြစ်ကြီးနား လေဆိပ် တိုက်ခိုက်ခံရမှုသတင်းဟာ မှန်ကန်ပေမဲ့ ရန်ကုန်လေဆိပ် တိုက်ခိုက်ခံရမှုသတင်းဟာ လုပ်ကြံပြောဆိုချက်သာဖြစ်တယ်။ တခြားသတင်းတွေကတော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ရန်ကုန်လေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Avatar

Title:Fact Check : ရန်ကုန်လေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *