Fact Check: နေပြည်တော်မှာလှုပ်ပြီး မာရဝီဇယစေတီ ထိခိုက်ပျက်စီးကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦးသေဆုံးတဲ့ သတင်းတု

False လူမှုရေး

နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး မာရဝီဇယစေတီ ၂ ခြမ်းကွဲကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦး သေဆုံးမှုဖြစ်ခဲ့တယ် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု တခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“နေပြည်တော် 7.5 ဖျက်အားငလျင်လှုပ် မာရဝိဇယ စေတီ ၂ခြမ်းကွဲ နေ သမ္မတ လုပ်မည့် မင်းအောင်လှိုင် နိမိတ်ဆိုးနေပြီဟေ့ ဘရားဖူးတဲ့ ဝန်ထမ်း ၄၈ ဦး သေဆုံးမှု ဖြစ်ပွား”(မူလရေးသားဖော်ပြချက်)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တွေက သတင်းတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ချိတာတွေ ပြုလုပ်နေတာကို Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့ပြီး ဖြစ်တယ်။ 

အခုလည်း မတ် ၂၃ ရက်ညပိုင်း ၆ နာရီ ကျော်က နေပြည်တော်ငလျင်လှုပ်ခတ်ခဲ့တဲ့အကြောင်း ဘီဘီစီ မြန်မာပိုင်းက သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားတယ်။ ငလျင်ပြင်းအားကိုပြသတဲ့ ဝက်ဘ်ဆိုဒ်တွေမှာတော့ ပျဉ်းမနားကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်ရဲ့ အင်အားက မဂ္ဂနီကျု ၄ ဒသမ ၄ အဆင့်ရှိတယ်လို့ ပြောပြီး မြန်မာမိုးလေ၀သနဲ့ ဇလဗေဒဌာနကတော့ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားကြောင်းလည်း သတင်းမှာဆိုပြီး ထိခိုက်ပျက်စီးမှုအကြောင်းဖော်ပြချက် မတွေ့ရပါဘူး။ 

တခြားသော သတင်းဌာနတွေမှာလည်း ငလျင်ပြင်းအားကို သိသိသာသာခံစားရကြောင်းဖော်ပြပြီး လူတွေ အပြင်ကို ထွက်ပြေးရတယ်လို့ ဖော်ပြပေမဲ့ အပျက်အစီးအကြောင်း တစုံတရာဖော်ပြချက် မတွေ့ရပါဘူး။ 

၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတွေကတော့ စစ်ခေါင်းဆောင် သမ္မတဆက်လုပ်ပါက မြန်မာနိုင်ငံအခြေအနေပိုမိုစိုးရွားလာနိုင်တဲ့အကြောင်း သတင်းသုံးသပ်ချက်နဲ့ ထောင်တွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးအပါအဝင် CCTV ဖြင့် စောင့်ကြည့်ပြီး ပုဂ္ဂလိက လုံခြုံရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေ စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။ 

သုံးသပ်ချက်

“Mnadalay KhitThit ”ဟာ သတင်းမီဒီယာတွေက သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ နေပြည်တော်မှာ အင်အားအတင့်အသင့် ငလျင်တခုလှုပ်ခတ်ခဲ့တာမှန်ပေမဲ့ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်ဆိုတဲ့ အ‌ထောက်အထားမရှိပါဘူး။

Result Stamp

Title: Fact Check: နေပြည်တော်မှာလှုပ်ပြီး မာရဝီဇယစေတီ ထိခိုက်ပျက်စီးကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦးသေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *