Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

Missing Context

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

Original link | Archive link

အချက်အလက်စိစစ်ချက်

ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။

ဒါပေမဲ့ ဒီအချက်အလက်တွေက ကနဦး လေ့လာချက်တွေသာဖြစ်ပြီး သွေးတိုးရောဂါကို အမြစ်ပြတ်ကုသနိုင် တယ်ဆိုတဲ့ ပြောဆိုချက်မဟုတ်တာတွေ့ရပါတယ်။ 

အမေရိကန်ဆေးဘက်ဆိုင်ရာအသင်း(AMA)အပါအဝင် ဆေးဘက်ဆိုင်ရ အကြံပေးချက်တွေ ဖော်ပြနေတဲ့ ဝက်ဘ်ဆိုဒ်တွေမှာ သွေးတိုးရောဂါဟာ ဖြစ်ပြီးသွားရင်း ကုသပျောက်ကင်းတော့ခြင်းမရှိဘဲ အစားအသောက်နဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲပြီး ထိန်းချုပ်လို့သာရတယ်လို့ ဖော်ပြထားတယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)

သုံးသပ်ချက်

သွေးတိုးရောဂါဟာ ဖြစ်ပြီးသွားရင် အမြတ်ပြတ်ကုသလို့ ရတဲ့ ရောဂါမဟုတ်ပါဘူး။  ငါးနုသန်းအပါအဝင် ငါးတွေမှာ အိုမီဂါ-၃ လို နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်တွေပါဝင်သလို ဒန့်သလွန်ရွက်မှာလည်း သွေးတိုးကျစေတဲ့ ဓာတ်တချို့ပါဝင်ပြီး ဒီနှစ်မျိုးကို ချက်ပြုတ်စားသုံးတာဟာ သွေးတိုးကျစေဖို့ အထောက်အကူပြုနိုင်တာ တွေ့ရပေမဲ့ ဒီဟင်းကို ၁၀ ရက်ဆက်တိုက် ချက်စားရုံနဲ့ သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။

Avatar

Title:Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

Fact Check By: Zun Zee  

Result: False