Fact Check: PDF တွေကို NUG ကပံ့ပိုးတဲ့ လက်နက်တွေလား- မဟုတ်ပါ

Missing Context လူမှုရေး

အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government of Myanmar- NUG)က ထောက်ပံ့မယ့် လက်နက်တွေအဖြစ် လက်နက်နဲ့ ကျည်ဆံဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဓာတ်ပုံတွေဟာ NUG ဖွဲ့စည်းချိန်မတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။

“NUGကထောက်ပံ့ပေးမဲ့လက်နက်တွေပါ

ပြည်သူတွေအားတင်ထားပါ

ညနေ6:00ဆိုရင်လိုအပ်မှအပြင်ထွက်ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်

မြို့တိုင်းနယ်တိုင်းတွေပါပြောတာပါ

အရေးတော်ပုံအောင်ရမည်”လို့ရေးသားပြီး “MDYPDFBLACKMandalay” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီပို့စ်ကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ ဓာတ်ပုံတစ်ချို့ကို “PDF တပ်ဖွဲ့ဝင်တွေအတွက် ထပ်ရောက်လာ”လို့ရေးသားပြီး “Kar Yan Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း ဒီနေရာမှာမျှဝေ ထားပါတယ်။အခြားသောရေးသားမျှဝေမှုကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ကျည်ဆံတွေဓာတ်ပုံကို ၂၀၁၈ ခုနှစ် ြသဂုတ် ၆ ရက်က “KNU KNLA ARMY 5” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – KNU KNLA ARMY 5Archive link

နောက်ထပ်ဓာတ်ပုံတွေကိုလည်း ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ NUG ဖွဲ့စည်းချိန်မတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်တာ တွေ့ရပါတယ်။ စက်သေနတ်ကို အနီးကပ်ရိုက်ထားတဲ့ ဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် ဇွန် ၈ ရက်ကတည်း ဖိလစ်ပိုင် စစ်တပ် အမှတ် ၅၀ ခြေလျင်တပ်ခွဲစာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ထို့အပြင် လက်နက်တွေ တန်းစီထားတဲ့ဓာတ်ပုံတွေကိုလည်း “Karen Army”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁ ရက်ကတည်းက တင်ထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Karen ArmyArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NUG က ထောက်ပံ့မယ်လက်နက်တွေအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပါတယ်။

Avatar

Title:PDF တွေကို NUG ကပံ့ပိုးတဲ့ လက်နက်တွေလား- မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *