Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တယ်ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီအလယ်၊ သူနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအဆုံး ဗွီဒီယိုတွေ  ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။ 

ဒေါ်အောင်ဆန်းစုကြည် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၉ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း  ၁ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။ 

“တပ်ချုပ်နဲ့ လူထုခေါင်းဆောင် တွေ့ဆုံ

အာဇာနည်နေ့မှာ နာရီ ၄ချက်အထိ တွေ့ဆုံဆွေးနွေး

ပြည်သူ့မိခင်ကြီး ပြတ်ပြတ်သားသား အပြတ်ပြော”

C:\Users\User\Downloads\Firefox_Screenshot_2025-07-25T11-38-52.162Z.png

Original link | Archive link

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ အာဇာနည်နေ့အခမ်းအနား သူတက်တယ်ဆိုတဲ့ ဗွီဒီယိုကို နေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုဖြန့်ဝေထားတဲ့ စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုဆိုတဲ့ ဗွီဒီယိုထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ရာပြည့်က သွားရောက်တွေ့ဆုံကာ စစ်ကောင်စီလိုချင်တဲ့ ပုံစံအတိုင်း လက်ခံဖို့ ညှိနှိုင်းတာတွေရှိပြီး ဒေါ်အောင်ဆန်းစုကြည်က လက်မခံတဲ့အတွက် အခုလို ဖမ်းဆီးချုပ်နှောင်ထားပြီး လွှတ်မပေးသေးတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တာဝန်ရှိသူတဦးရဲ့ ပြောကြားချက် သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားတယ်။  

အာဇာနည်‌နေ့မှာ အချိန်ကိုက် ဖော်ပြခဲ့တဲ့ ဒီသတင်းမှာ ‌ဒေါ်အောင်ဆန်းစုကြည် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အကြောင်းမပါဝင်ပါဘူး။ ဗိုလ်ချုပ်ကြီးရာပြည့်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရံဖန်ရံခါ သွားရောက်တွေ့ဆုံလေ့ရှိတဲ့ သတင်းကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မကြာခဏ ထင်ကြေးပေးနေတဲ့ သတင်းပဲဖြစ်တယ်။ စစ်တပ်ဘက်က တရားဝင် ထုတ်ပြန်တာတော့ မရှိပါဘူး။

ဒီလိုပဲ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဇာနည်‌နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရတာပါ။ ဒီနှစ်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရခဲ့ပါဘူး။ 

 သုံးသပ်ချက်

“Mandalay Khithit” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အာဇာနည်‌နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ခွင့်မရသလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းလည်းမရှိပါဘူး။ ဒီလိုပဲ စစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှုလည်း မရှိပါဘူး။

Avatar

Title:Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်

Fact Check By: Zun Zee 

Result: False