Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး သတင်းဟောင်းတပုဒ်ကို ချဲ့ကားရေးသားထားခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“လေယာဉ်ပါယူပြီး လေတပ်အရာရှိ(၅)ဦး

ထွက်ပြေးပြီး NUGထံ အလင်းဝင်

မင်းအောင်လှိုင် ကို ပြန်သတ်မည်ဟုပြော”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီရက်ပိုင်းထဲမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံလေတပ်က အရာရှိတွေ NUG ဆီကို ထွက်ပြေးခိုလှုံလာ တယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေနဲ့ ပြန်လည်ဖြန့်ချိတာတွေလုပ်လေ့ရှိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီဗွီဒီယိုထဲမှာလည်း တကယ်တမ်းပါဝင်တဲ့အကြောင်းအရာဟာ မြန်မာစစ်တပ်ကို အာဏာဖီဆန်ရေးလုပ်ပြီး NUG ဆီ ခိုလှုံလာတဲ့ ပထမဆုံးသော လေတပ်ဗိုလ်ကြီး ဇေသူအောင်အကြောင်း သတင်းဖော်ပြချက် တခုကို ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် အစပိုင်းမှာ လေတပ်က CDM ပြုလုပ်လာသူဖြစ်ပြီး အဲဒီအချိန်က ဒီဗွီဘီ သတင်းဌာနရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံ အလင်းဝင်ဆိုတယ်ဆိုတာ မဟုတ်ပါဘူး။ “Local Celegram” ဟာ လုပ်ကြံရေးသားမှုတွေ ဖြန့်ဝေတဲ့နေရာဖြစ်ပြီး ၂၀၂၂ ခုနှစ်ထဲမှာ  လေတပ်ကဗိုလ်ကြီး ဇေသူအောင် အာဏာဖိဆန်ရေးလုပ်ပြီး NUG နဲ့ ပူးပေါင်းလာတဲ့ သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်း ဖြစ်တာတွေ့ရပါတယ်။ 

ပြောဆိုချက်- လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံ အလင်းဝင်

Avatar

Title:Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *