Fact Check: စစ်ခေါင်းဆောင်ကို သမ္မတမလုပ်ဖို့  ဦးသိန်းစိန်ပြောတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

နိုင်ငံတကာတရားရုံး(ICJ)မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလုပ်မရဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခု ကြီဆိုပြီး ဖ့က ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။ 

ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း တသိန်း ဝန်းကျင်ရရှိထားတယ်။

“မင်းအောင်လှိုင် သမ္မတလုပ်မရဟု သိန်းစိန်ပြော 

ICJ ရဲ့ စွဲချက်ကြောင့် စစ်ခေါင်းဆောင် သမ္မတ လုပ်မရဘူးလို့ 

သိန်းစိန်ကန့်ကွက် ၊ ချက်ချင်းဖမ်းဆိုင်းလို့ ပွဲဆူနေပြီ” (မူလအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုရဲ့ အစမှာ ပြသထားတဲ့ ရုပ်ကတ်ထဲမှာ ICJ မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ သမ္မတလုပ်မရဘူးလို့ သမ္မတဟောင်း ဦးသိန်းစိန်ကပြောတယ်လို့ ဆိုထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးရဲ့ အကြောင်းအရာ တင်ဆက်မှုအတွင်းမှာ ဦးသိန်းစိန်က အဲဒီလို ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထား၊ အသံဖိုင်နဲ့ ဖတ်ကြားချက် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိပါဘူး။  

ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေကမျှလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။  ICJ ဟာ နိုင်ငံအချင်းချင်း ကြားမှာဖြစ်ပွားတဲ့ အငြင်းပွားမှုတွေကို ဆုံးဖြတ်တဲ့ တရားရုံးဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)လို လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို တရားစွဲဆို အပြစ်ပေးတဲ့ ပုံစံမဟုတ်တဲ့အတွက် ဥပဒေကြောင်းအရဖြစ်စေ ယုတ္တိဗေဒအရ ဖြစ်စေ ဦးသိန်းစိန်က ICJ ကိုအကြောင်းပြုပြီး စစ်ခေါင်းဆောင်ကို တားဆီးမယ်ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ 

ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပထားပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတာတွေ့ရတယ်။  

အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတာတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တရားမဝင် စီးပွားကုန်သွယ်မှုများဖြင့် ရာထူးချအဖမ်းခံထားရသော အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ ၊ စစ်ဆင်ရေး ကျရှုံးမှုဖြင့် အခြားစစ်အရာရှိကြီးများလည်း သေဒဏ်နှင့်ပြစ်ဒဏ်များ အသီးသီးကျ”၊ “မြန်မာကို ကန်ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ “အတိုင်ပင်ခံကောင်စီ ဥပဒေ စစ်တပ်က ပြဌာန်းမှု”စတဲ့ အကြောင်းအရာတွေနဲ့ တိုက်ပွဲအကြောင်းတွေကို ‌ဖော်ပြထားတယ်။ 

သုံးသပ်ချက်ICJ မှာ တရားစွဲဆိုခံနေရတာကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတလုပ်မရဘူးလို့ ဦးသိန်းစိန်က ပြောလိုက်တယ်ဆိုတာ အထောက်အထားမရှိပါဘူး။ ဒီသတင်းခေါင်းစဉ်တု တပ် ဗွီဒီယိုထဲမှာကိုပဲ သတင်းတွေ ပြန်ပြောပြတဲ့သူဟာ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို မကြာခဏ ကြားညှပ်ပြောဆိုနေတာတွေ့ရတယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင်ကို သမ္မတမလုပ်ဖို့  ဦးသိန်းစိန်ပြောတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: Misleading