သံပုရာရည်ကိုရေနွေးနဲ့ဖျော်သောက်တာ ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိပါ

Misleading ဆေးဘက်ဆိုင်ရာ၊ | Medical

သကြားလုံးဝ မစားပါဘဲ သံပုရာသီးကို ရေနွေးနဲ့ဖျော်ပြီးတော့ သောက်မယ်ဆိုရင် ကင်ဆာဆဲတွေအလိုလို သေသွားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီပို်စ်ဟာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ရှိအချိန် အထိလည်း မျှဝေနေကြဆဲဖြစ်ပြီး ဒီပို့စ်တစ်ခုထဲကိုပဲ လူမှုကွန်ယက်သုံးစွဲ နှစ်သောင်းနီးပါက ပြန်လည်မျှ ဝေခဲ့ကြပြီးဖြစ်ပါတယ်။

“ကင်ဆာကြောင့်မသေနိုင်ကြတော့ပါဘူး” ဒေါက်တာ HEAYTHY LIFE က ပြောတယ် ကိုယ့်ကိုကိုယ်သာ သေချာဂရုစိုက်ပေးနိုင်ရင် ဘယ်သူမှ ကင်ဆာကြောင့်သေစရာမလိုတော့ပါဘူးတဲ့ ပထမအဆင့်က သကြားလုံးဝ မစားပါနဲ့ ရှောင်ပါ အဲဒါကင်ဆာဆဲလ်က အလိုလိုသေသွားပါလိမ့်မယ် ဒုတိယအဆင့်က အစာမစားခင်မှာ သံပုရာတစ်လုံးကို ရေနွေးနဲ့ Blend လုပ်ပြီးသောက်ပါ( ၁)လ ကနေ သုံးလခန့် သောက်ပေးပါ Maryland College of Medicine ရဲ့ Research အရအဲလိုသောက်ပေးတာက ကင်ဆာဆဲလ်ကို ဓာတ်ကင်ကုသတာထက် အဆတစ်ထောင်ကောင်းတယ်တဲ့ တတိယအဆင့်က အုန်းဆီစစ်စစ် သုံးဇွန်းကို မနက်တစ်ခါ ညတစ်ခါ သောက်ပေးပါ ကင်ဆာဆဲလ် အလိုလို ပျောက်သွားပါလိမ့်မယ်။ အဲဒီကုသနည်း နှစ်ခုကို သကြားလုံးဝရှောင်ပြီးတဲ့ နောက်ပိုင်းမှာ လိုက်နာနိုင်ပါတယ်။ ဖိုသီဖတ်သီနေရင်တော့ ကင်ဆာဆဲလ်က သင့်ကို အနိုင်ယူသွားပါလိမ့်မယ်။ ဒီဆေးနည်းက ကျွန်တော် ဖြန့်ဝေနေတာ ငါးနှစ်ရှိသွားပါပြီ  ဒါဆေးနည်းက ကင်ဆာကြောင့် အသက်ဆုံးရှုံးရတော့မဲ့ သူတွေအတွက် အလွန်အကျိုးရှိမှာပါ တခြားသူတွေ သိအောင်လည်း ပြန်လည်မျှဝေပေးပါ”ဆိုပြီး မျှဝေထားတာဖြစ်ပါတယ်။ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့လည်း ရေးသားထားတာတွေ့ရပြီး ခွဲစိပ်ခန်းသုံးဝတ်စုံနဲ့ ဆရာဝန်တစ်ဉီးလို့ ယူဆရတဲ့ ပုံနဲ့ ကင်ဆာဆဲလ်တွေကို ဖော်ညွှန်းတဲ့ ဓာတ်ပုံနှစ်ပုံလည်းပါဝင်ပါတယ်။ 

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး Google မှာ ခွဲစိပ်ခန်းသုံးဝတ်စုံနဲ့ ဆရာဝန်ပုံကို ပြောင်းပြန်ပုံရိပ်ရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီလိုမျိုး အလားတူရေးသားတားတဲ့ ပို့စ်တွေမှာပဲတွေ့ရပြီး အခြားသော ဆေးတက္ကသိုလ်သို့မဟုတ် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက ကိုယ်ရေးအချက်အလက်မျိုးမတွေ့ရှိရပါဘူး။ ဒီလိုပဲ “dr. gupta”ဆိုတဲ့စကားလုံးကို ရိုက်ရှာရာမှလည်း အခုလိုသံပုရာသီးက ကင်ဆာကို ကုပေးတယ်ဆိုတဲ့ ပို့စ်တွေကလွဲလို့ အခြားသော ဆေးဘက် ဆိုင်ရာအထောက်အထားမျိုးတွေနဲ့ ဒီပုံကို မတွေ့ရှိရပါဘူး။

“maryland college of medicine cancer research lemon juice”ဆိုပြီးရှာကြည့်မယ်ဆိုရင်တော့ ဒီလိုအလားသဏ္ဌာန်တူပို့စ်မျိုး အခြားသောနိုင်ငံတွေမှာလည်း ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ် တဲ့အဖွဲ့အစည်းအသီးသီးက ဒီသတင်းဟာ မဟုတ်ကြောင်း အချက်အလက်စစ်ဆေးထားတာ တွေ့ရှိရပါတယ်။

ဒီလိုပဲ သကြားဟာ ကျန်းမာရေးအတွက် ဆိုးကျိုးရှိပြီး ဆီးချိုအပါအဝင်ရောဂါတွေကိုဖြစ်စေတာဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတိုင်းက လက်ခံထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ သကြားနဲ့ ကင်ဆာအကြားဆက်စပ်ချက်ကို ဗြိတန်ကင်ဆာဌာန ရေးသားတဲ့ ဆေးဘက်ဆိုင်ရာ ပညာရပ်ဆောင်းပါးမှာ ကင်ဆာဆဲလ်ဟာ ကြီးထွား ပျံ့ပွားမှုမြန်တာကြောင့် သကြားဓာတ်လိုတယ်ဆိုတာမှန်ပေမဲ့ သကြားရပ်လိုက်ရုံနဲ့ ကင်ဆာဆဲလ်ရပ်သွား မယ်လို့ ယူဆရလောက်အောင် မရိုးရှင်းဘူးလို့ ဆိုထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

အလားတူ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ သံပုရာရည်နဲ့ရေနွေးဖျော်သောက်တာဟာ ကင်ဆာဆေးတွေနဲ့ ကုသတာထက် အဆ ၁၀၀၀ ပိုပြီးတော့ကောင်းတယ်လို့ပြောကြားထားပေမဲ့ အမေရိကန် ကျန်းမာရေး သုတေသနဌာနက သံပုရာရည်ဟာ ဓာတ်ကင်ဆေးကုသတာနဲ့ နှိုင်းယှဉ်ပြီးလေ့လာထားတဲ့ သုတေသနမျိုး မရှိဘူးလို့ရေးသားထားပါတယ်။ လူနဲ့ စမ်းသပ်ကုသတဲ့ အဆင့်မျိုးတော့မရှိသေးဘူးလို့လည်း ရေးသား ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

Link

သံပုရာရည်လို အချဉ်ဓာတ်များတဲ့ အရည်တွေက ကင်ဆာကိုကုသနိုင်ခြေနဲ့ ပတ်သက်ပြီး သုတေသနတွေ လုပ်ခဲ့တာတွေ့ရှိပြီး ထိရောက်တဲ့ရလာဒ်တွေရှိခဲ့တာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့အချက်အလက်တွေအရ dr. gupta ဆိုတဲ့အမည်နဲ့ ကင်ဆာကုသရေးမှာ ထင်ရှားတဲ့ ဆရာဝန်မျိုးမတွေ့ရှိသလို သကြားရှောင်တာနဲ့ သံပုရာရည်သောက်တာဟာ ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားဟာ လှည့်စားထားတဲ့လွဲမှားနေတဲ့သတင်းတစ်ခုသာဖြစ်ပါတယ်။

Avatar

Title:သံပုရာရည်ကိုရေနွေးနဲ့ဖျော်သောက်တာ ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *