Fact Check: နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှု များပြားတဲ့ သတင်းတု

False လူမှုရေး

နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှုများပြားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ  နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း  ၇၀၀၀၀ ကျော်ရရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“၉.၄ ဖျက်အား ငလျင်လှုပ်နေ

မင်းအောင်လှိုင်ရဲ့ နေပြည်တော် စေတီ ပြိုကျ

လူအသေအပျောက် ၄၉၀၀ ခန့်ရှိပြီး ပိတ်မိနေကြပြီ

စစ်အုပ်စုကို ထောက်ခံတဲ့ ဘောမတွေ အော်နေကြပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

နေပြည်တော်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်တဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မတွေ့ရပါဘူး။ အမေရိကန် အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန(USGS)က အချိန်နဲ့တပြေးညီ ဖော်ပြနေတဲ့ ကမ္ဘာတလွှား ငလျင်လှုပ်ခတ်မှုမှာ တိုင်းထွားချက်ကို ဒီနေရာမှာ ကြည့်ပါ။  

ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့ နေရာတွေဖြစ်တာတွေ့ရတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲပါအကြောင်းအရာဟာ ဩဂုတ် ၇ ရက်က  နေပြည်တော်အနီးမှာ ရစ်ခ်ျတာစကေး ၄.၇ ရှိ အင်အားအသင့်အတင့် ငလျင်လှုပ်ခတ်သွားတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ ငလျင်ဟာ အင်အားအသင့်အတင့်သာရှိပေမဲ့ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်အချို့မှာပါ လှုပ်ခတ်မှုကို ခံစားခဲ့ကြရတယ်လို့ သတင်းမှာဖော်ပြတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာတွေက ဖြန့်ဝေမှုသာဖြစ်တယ်။ နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှုများပြားခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: နေပြည်တော်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးသေဆုံးမှု များပြားတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: False